ပွဲပြီးအိမ်မပြန်ပဲ မိုးရွာထဲမှာတောင် ပရိသတ်တွေ ကို အချိန်ပေးပြီးပေးဆပ်ခဲ့တဲ့နောက်ခံကျောက် ဆောင်ကြီး မာတီနက်ဇ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကဗဟိုခံစစ်ကစားသမားဖြစ်သူ လီဆန်ဒရို မာတီးနက်ဇ်က ဘာစီလိုနာအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ယူရိုပါလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်အပြီး အိမ်ကိုချက်ချင်းပြန်မသွားခဲ့ပဲ အချိန် ၂ နာရီလောက်ကြာအောင်မန်ယူပရိသတ်တွေနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။
မန်ယူအသင်းဟာပထမပိုင်းမှာတုန်းက ဘာစီလိုနာအသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့်၊ဒုတိယ ပိုင်းအရောက်မှာတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပြီး၊ချေပဂိုးတွေ အနိုင်ဂိုးတွေ သွင်းယူကာ ဘာစီလိုနာအသင်းကိုပြိုင်ပွဲကနေ လှည့်ပြန်အောင် လုပ်နိုင်ခဲ့ပါတယ်။
အဆိုပါနိုင်ပွဲကြောင့်မန်ယူအသင်းဟာဖလားလေးလုံး လမ်း ကြောင်းပေါ်မှာ ရှိနေတဲ့တစ်ခုတည်းသော အင်္ဂလန်အသင်းအဖြစ် ဆက်ရှိနေပြီးတော့၊
တနင်္ဂနွေနေ့မှာ ကစားသွားမယ့် နယူးကာဆယ်အသင်းနဲ့ကာရာဘောင်းဖလားဖိုင်နယ်အတွက်စိတ်ခွန်အားသေချာပေါ က်ရရှိသွားနိုင်ပါတယ်။
အဆိုပါအခြေအနေဟာ ကစားသမားတွေအတွက်သာမက၊ပရိသတ်တွေအတွက်ပါ စိတ်အားတက်ကြွသွားစေခဲ့ပြီးတော့၊ပရိသတ်တွေအနေနဲ့ ကစားသမားတွေအပေါ် ယုံကြည်မှုပိုရှိလာနိုင်ပါတယ်။
ထို့အတွက်ကြောင့်ကစားသမားတွေဟာ သူတို့ရဲ့ အနောက်မှာအမြဲတမ်းရှိနေခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်နေကြပြီး၊ယခုရာသီမှာ ပရိသတ်အချစ်တော်ကစားသမားတစ်ဦးဖြစ်နေတဲ့မာတီးနက်ဇ်ကပွဲအပြီးမှာအလုပ်နဲ့ သက်သေပြခဲ့ပါတယ်။
အဲ့ဒါကတော့မာတီးနက်ဇ်ဟာ ပွဲအပြီး အခြားကစားသမားတွေလိုအိမ်ကိုချက်ချင်းပြန်ကာအနားမယူပဲ မိုးတစ်ဖွဲဖွဲကျနေတဲ့အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာ ညနက်သန်းခေါင်အထိပရိသတ်တွေကို လက်မှတ်ထိုးပေး၊ ဓါတ်ပုံအတူ တွဲရိုက်တာမျိုးလုပ်ပေးခဲ့ကြပါတယ်။
အဆိုပါမြင်ကွင်းဟာ မာတီးနက်ဇ်အနေနဲ့ယူနိုက်တက်အသင်းကို ရောက်ရှိတာ တစ်ရာသီတောင် မရှိသေးပေမယ့်ပရိသတ်တွေကို သံယောဇဉ် တွယ်နေပြီဖြစ်တာ မြင်နိုင်ပြီး၊ကစားသမားတွေနဲ့ ပရိသတ်တွေအကြား ဆက်ဆံရေးကိုလည်း ပိုတိုးလာနိုင်ပါတယ်။