ပရီးမီးယားလိဂ် က ကမ္ဘာပေါ်မှာ ဘယ်လောက်ထိခက်ခဲလဲဆိုတာကို ဖွင့်ဟလာတဲ့ ကက်စမဲရိုး(ချန်ပီယံအရသာတော့ကောင်းပါတယ်)
ယူနိုက်တက် နဲ့ ဘာကာပွဲမှာ နှစ်ဖက်အသင်းသားတွေ အချင်းများနေချိန်မှာ ကက်စ်မဲရိုးကတော့ ဝင်ကိုမပါတော့ပါဘူး။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သူ အဲဒီလိုအချင်းများနေချိန် ဝင်ပါမိလို့ အနီထိပြီး ၃ ပွဲပယ်ခံလိုက်ရတာကို မှတ်သွားပြီထင်ပါတယ်။
နှစ်ဖက်ကစားသမားတွေ အကြီးအကျယ် အချင်းများနေချိန် ကက်စ်မဲရိုးကတော့ ဘေးနားမှာ သူ့ဟာသူပဲ ရှိနေခဲ့ပါတယ်။ သူ ဝင်ပါရင် ဒိုင်လူကြီးက အနီကတ်ပြမှာကို ကြိုသိနေလားတောင်မသိပါဘူး။
သူ့ပုံစံကိုကြည့်ပြီး ပရိသတ်တွေက နောက်ပြောင်နေကြပြီး Tank ကြီး တယောက် တကြိမ်ခံရဖူးလို့ မှတ်သွားပြီလို့ ပြောနေကြပါတယ်။
ပရိသတ်တွေကတော့ကတ်စမဲရိုးရဲ့လုပ်ရပ်ကို သဘောကျနေပြီး၊ ကလေးတွေဖြစ်တာ လူကြီးတွေ ဝင်ပါစရာမလိုဘူးလို့ စနောက်နေကြပါတယ်။ တကယ်လည်း သူပါ ဒီရန်ပွဲထဲ ဝင်ပါရင် ဘာဖြစ်မလဲမပြောတတ်ပါဘူး။
လက်ရှောင်နေလိုက်တာက သူ့အတွက် အကောင်းဆုံးဖြစ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်လည်း ဖြစ်ခဲ့ပါတယ်။ပွဲပြီးမှာတော့ ပရီးမီးယားလိဂ်ခက်ခဲပုံကိုဖွင့်ဟခဲ့ပါတယ်။
ကက်စီမဲရို ” ကျွန်တော်ကတော့ ဒီနေရာမှာ ချန်ပီယံဖြစ်ရတဲ့ အရသာကို ပေးသိချင်ပါတယ်။ ဒီအရာက အသင်း အတွက်အရေးကြီးဆုံးအရာတစ်ခုပါ။ အမှတ်ပေးဖလား ကိုအောင်မြင်ဖို့အတွက်ကတော့ ခက်ခဲတယ်ဆိုတာကို တော့ ကျွန်တော်တို့သိပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်ပွဲစဥ်တွေဆိုရင် တော်တော်များများက ခက်ခဲကြပါတယ်။
ဒီနေရာမှာ ကျွန်တော်က အမှတ်ပေးဖလားကိုဆုခူးချင်ပါတယ်။ ဒါက မလွယ်ကူဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ အထူးသဖြင့် ဒါမျိုးဖြစ်ဖို့မလွယ်ကူရလဲဆိုရင် ကျွန်တော်တို့ပြောနေတဲ့အကြောင်းအရင်းက ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ ခက်ခဲဆုံးလိဂ်အကြောင်း ကိုပြောနေကြလို့ ဖြစ်တယ်။
လာလီဂါကိုအထင်သေးပြီးပြောတာမျိုးကိုကျွန်တော့်အနေနဲ့ ကြိုးစားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲတွေက ပိုမိုခက်ခဲတာကိုမြင်ရပါတယ်။ဒီမှာက ပိုမိုပြီးအလုပ်တွေပိုလုပ်ရတယ်။ စပိန်မှာဆို tiki-taka ဆိုတဲ့ ပုံစံမျိုးနဲ့ကစားကြတယ်။ ဒီနေရာမှာတော့ ကြံ့ခိုင်မှု ကိုပိုသုံးပြီး တိုက်စစ်နေရာအတွက် ပိုမိုလှုပ်ရှားကြတာ ဖြစ်တယ်။ “