တစ်ကျော့ပြန်အိုးလ်ထရက်ဖို့ဒ်ပြန်လာဖို့မျှော် လင့်ချက်က ဖြစ်လာနိုင်ဖွယ်မရှိတော့တဲ့ ဂရင်းဝုဒ်
မေဆင်ဂရင်းဝုဒ်ရဲ့ယူနိုက်တက်တွင်တကျော့ပြန်ကစားရေးမျှော်လင့်ချက်မှာကလပ်ရဲ့အမျိုးသမီးအသင်းမှနာမည်ကျော်စတားများကြောင့် ပျက် ပြယ်လာဖို့ရှိနေပါတယ်။
မေဆင်ဂရင်းဝုဒ်ဟာဗလက္ကာယပြုကျင့်ရန်ကြိုး ပမ်းမှု၊ဒဏ်ရာအနာတရဖြစ်အောင်တိုက်ခိုက်မှု၊ထိန်းချုပ်ရန်ကြိုးပမ်းမှုတို့ဖြင့်စွဲချက်တင်ခြင်းခံခဲ့ရပေမဲ့လည်းယခုအခါအမှုမှလုံးဝလွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့မေဆင်ဂရင်းဝုဒ်ရဲ့ယူနိုက်တက်အသင်းအတွက်ပြန်လည်ကစားရေးမှာယူနိုက်တက်အမျိုးသမီးအသင်းမှကစားသမားများရဲ့ဆုံးဖြတ်ချက်အပေါ်တွင်လည်းမူတည်နေပါတယ်။
အမျိုးသမီးစူပါလိဂ်ကိုဦးဆောင်နေတဲ့ယူနိုက်တက်အသင်းမှစတားများဖြစ်ကြတဲ့ကလပ်အသင်းခေါင်းဆောင်ကေတီဇီလမ်၊အင်္ဂလန်ရဲ့ယူရို၂၀၂၂ချန်ပီယံများဖြစ်ကြတဲ့အယ်လာတွန်း၊မေရီအတ်ပ်၊အလက်စီယာရူးဆိုတို့ကယူနိုက်တက်အတွက်ဂရင်းဝဒ်ပြန်ကစားခွင့်ရ/မရဆုံးဖြတ်ချက်အပေါ်လွှမ်းမိုးလာပါမယ်။
ယူနိုက်တက်အမျိုးသမီးအသင်းဟာလည်းအ မျိုးသားအသင်းနှင့်အတူ တူညီတဲ့လေ့ကျင့်ရေးကွင်းအသုံးပြုနေတာဖြစ်ပါတယ်။ဒါ့အပြင်ယူနိုက်တက်ရဲ့စီနီယာကစားသ မားအချို့တို့ကလည်းဂရင်းဝုဒ်ပြန်ကစားလာလျှင် အသင်းအတွက်ကောင်းလာတာရှိလာမှာမဟုတ်ကြောင်းအသင်းရဲ့တာဝန်ရှိသူများကိုပြောကြားထားပါတယ်။
ဂရင်းဝုဒ်ဟာလွန်ခဲ့တဲ့ဇန်နဝါရီလတုန်းကဖမ်းဆီးခြင်းခံခဲ့ရပြီးနောက်ကလပ်ရဲ့တာဝန်မှရပ်ဆိုင်းခြင်းခံခဲ့ရပေမဲ့လည်းတစ်ပတ်လုပ်ခပေါင်၇၅၀၀၀ရရှိနေဆဲဖြစ်ပါတယ်။သူ့ရဲ့စာချုပ်မှာ၂၀၂၅ခုနှစ်တွင်မှကုန်ဆုံးပါမယ်။