ယူနိုက်တက် ကစားသမားတွေအောင်ပွဲခံတာကိုငေးကြည့်ခဲ့တဲ့ ဒီဂျောင်း ရဲ့ ဗီဒီယိုဟာကြည့်ရှုသူ(2.3)သန်းကျော်ခဲ့
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ အွန်လိုင်းပေါ်ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ကြည့်ပြီး ဖရန်ကီ ဒီဂျောင်အနေနဲ့လာမယ့်နွေရာသီမှာအိုးထရတ်ဖို့ဒ်ထံ ပြောင် းရွေ့လာလိမ့်မယ်လို့ယုံကြည်နေကြပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ညတုန်းကဘာစီလိုနာကို အနိုင်ယူပြီးယူရိုပါလိဂ်( ၁၆ )သင်းအဆင့်တက်ရောက်သွားခဲ့တဲ့ ပွဲစဉ်မှာ အိုးထရတ်ဖို့ဒ်ကွင်းကို ယခုနောက်ပိုင်းနှစ်တွေအတွင်း အခမ်းနားဆုံး ပုံစံဖြင့် မြင်တွေ့ခဲ့ရပါတယ်။
နှစ်ကျော့ပေါင်း ( ၃-၄ ) နဲ့ ယူနိုက်တက်က အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာဘာစီလိုနာကွင်းလယ်လူဟာ ယူနိုက်တက် ကစားသမားတွေကသရဲနီပရိသတ်တွနဲ့ အောင်ပွဲခံနေပုံကို ငေးကြည့်နေခဲ့တာ တွေ့ရပါတယ်။
အဆိုပါ ဗီဒီယိုမှာ နောက်ခံလူ ရာဖာ ဗာရန်းက ပရိသတ်တွေဆီသွားခဲ့ပြီးပရိသတ်တွေကလည်းသူ့ရဲ့ လက်မြောက် ဟန်အတိုင်း သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။
ဒီဂျောင်က နောက်ကနေ ခါးထောက်လမ်းလျှောက်ရင်း ဗာရန်းကိုအားကျတဲ့ အကြည့်တွေနဲ့ ငေးနေခဲ့ပါတယ်။
အဆိုပါတစ်တော့ ဗီဒီယိုဟာကြည့်ရှုသူ( ၂.၃ ) သောင်းကျော် ရှိနေပြီး ပရိသတ်တွေက ကွန်းမန့်ထဲမှာ“ ဒီဂျောင် နွေရာသီမှာ လာဖို့ သေချာနေပါပြီ ၊”လို့ မှတ်ချက်ပေးထားကြပါတယ်။