Manu sports

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုးတွေပဲ အဓိက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်အသင်း

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုးတွေပဲ အဓိက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်အသင်း

မန်ယူနိုက်တဒ်အသင်းဟာလာမယ့်နွေမှာတိုက်စစ်ကိုအား ဖြည့် တင်းရန် ရည်ရွယ်ပြီး ကစားသမားတချို့ကို စောင့်ကြည့်ရန်စာရင်းပြုလုပ်နေကာ ထိုအထဲမှာ အင်္ဂလန်သားတိုက်စစ်မှုးတချို့က ထိပ်ဆုံးမှာ ပါဝင်နေတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။

အဲရခ်တန်ဟဂ် က ပေါင်းစပ်လုပ်ကိုင်နိုင်မှုအားကောင်းပြီး high pressလုပ်နိုင်မယ့်အရည်အသွေးမြင့် ကစားသမားကိုရှာဖွေနေပြီးအဓိကအချက်အနေနဲ့ အမြင့်ဘောအသုံးပြုမှု ကောင်းမွန်ရန်လိုတယ်လို့ သိရပါတယ်။

ဒီ့အပြင် အသင်းမှာ အင်္ဂလန်သားတွေရှားပါလာမှုကိုလည်း ဖြေရှင်းရန်အတွက် အင်္ဂလန်သားကစားသမားကိုခေါ်ယူရန် ဦးစားပေးထားတာကြောင့် တိုက်စစ်အတွက် အင်္ဂလန်လက်ရွေးစင် (သို့) နိုင်ငံသား ကစားသမားတွေကို စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

အဲရခ်တန်ဟဂ်အထူးတလည်စောင့်ကြည့်နေတဲ့ ကစားသ မားက ဟယ်ရီကိန်း ဖြစ်ပြီး စပါးတိုက်စစ်မှုးက ယူနိုက်တဒ် ရဲ့ နွေ ဦးစားပေး ပစ်မှတ်ကစားသမားလည်းဖြစ်ပါတယ်။

2KG3MMR Doha, Qatar. 21st Nov, 2022. Harry Kane of England thanks the cheering England fans during the FIFA World Cup Qatar 2022 match between England and Iran at Khalifa International Stadium, Doha, Qatar on 21 November 2022. Photo by Peter Dovgan. Editorial use only, license required for commercial use. No use in betting, games or a single club/league/player publications. Credit: UK Sports Pics Ltd/Alamy Live News

သို့သော်လည်းစပါးအသင်းဖက်ကအလွယ်တကူ ရောင်းချမှာမဟုတ်တာကြောင့်ခက်ခက်ခဲခဲညှိနှိုင်းရသလို အသက် (၃၀)ပြည့်တော့မှာ ဖြစ်တာကြောင့်လည်း ယူနိုက်တဒ်ဖက်က စံချိန်တင်ပြောင်းရွှေ့ကြေးမျိုးပေးချေရန် စဉ်းစားနေတာ ဖြစ်ပါတယ်။

ကိန်း က စပါး မှာ ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့ပြီး ဂိုးပေါင်း(၂၆၀)ကျော် သွင်းယူထားပေမယ့် ဆုဖလား အောင်မြင်မှုမရှိတာကြောင့် လန်ဒန်မြေကို စွန့်ခွာလိုနေပြီး အဲရခ်တန်ဟဂ် နဲ့အတူ အနာဂတ်သစ်တွေ ဖန်တီးနေတဲ့ မန်ချက်စတာမြေမှာ ဆုဖလားအသီးပွင့်တွေပွင့်လန်းနိုင်ဖို့ မျှော်လင့်နေသူလည်းဖြစ်ပါတယ်။

ယူနိုက်တဒ်အနေနဲ့ကိန်းကို မရရှိခဲ့ရင် ဘရန်းဖိုဒ့် တိုက်စစ်မှုး အိုင်ဗန်တိုနေး နဲ့ ဘရိုက်တန် တိုက်စစ်မှုး အီဗန်ဖာဂူဆန် တို့ကို ခေါ်ယူနိုင်ရန် စောင့်ကြည့်လျက်ရှိပါတယ်။ တိုနေး က လောင်းကစားပြစ်မှုတွေကြောင့် နာမည်ဆိုးရှိပေမယ့် လိဂ်အတွေ့ကြုံကြွယ်ဝသလို ခြေစွမ်းထက်တဲ့ စွမ်းဆောင်ရည်မြင့်ကစားသမားဆိုတာ ယုံမှားသံသယဖြစ်စရာမလိုပါဘူး။

သို့သော်လည်းဘရန်းဖိုဒ့်ကတော့တိုနေးကိုပေါင်သန်း(၅၀) အောက်ဈေးနဲ့ လက်လွှတ်ဖွယ်မရှိပါဘူး။အီဗနိဖာဂူဆန် က လူငယ်တိုက်စစ်မှုးဖြစ်ပေမယ့် ဘရိုက်တန် မှာ အထူးခြေစွမ်းပြနေသူဖြစ်ပြီး ၂၀၂၁ မှာ ကာရင်တန်ထံလာရောက်ပြီး ခြေစွမ်းစမ်းသပ်ခံခဲ့ဖူးပါတယ်။ယူနိုက်တဒ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဖာဂူဆန် ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေကို တန်ဟဂ်က ညွှန်ကြားထားပြီး လာမယ့်နွေမှာ လက်ဦးမှုရယူနိုင်ဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။