Manu sports

နယူးကာဆယ် နဲ့ ယှဥ်ပြိုင်ကစားမယ့်ယူနိုက်တက်အသင်း ရဲ့ ဖြစ်နိုင်ဖွယ်လူစရင်း

နယူးကာဆယ် နဲ့ ယှဥ်ပြိုင်ကစားမယ့်ယူနိုက်တက်အသင်း ရဲ့ ဖြစ်နိုင်ဖွယ်လူစရင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာဒီနေ့မြန်မာစံတော် ချိန်ည(၁၁:၀၀)နာရီအချိန်ကျရင် လိဂ်ဖလားဗိုလ်လုပွဲအဖြစ်နယူးကာဆယ်နဲ့ ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီးအသင်းရဲ့အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဒီပွဲကို လွဲချော်ဖို့ရှိနေပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင် ရပ်ရှ်ဖို့ဒ်ဟာဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး (၂၄)ဂိုးအထိသွင်းယူခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘာစီလိုနာနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်ဟာညာဘက်ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခံခဲ့ရတာကြောင့်လာမယ့်ဗိုလ်လုပွဲကျရင် ရပ်ရှ်ဖို့ဒ် မပါဝင်နိုင်မှာကို ယူနိုက်တက်ပရိသတ်တွေစိုးရိမ်တကြီးဖြစ်နေကြပါတယ်။

တကယ်လို့ ရပ်ရှ်ဖို့ဒ် မပါနိုင်ရင်တောင်နည်းပြအဲရစ်တန်ဟက်အတွက် ရွေးချယ်စရာရှိနေပြီး တိုက်စစ်မှူးဗက်ဟော့တ်ကိုNo 10 Role အစား အထောင်တိုက်စစ်အဖြစ် သေချာပေါက်အသုံးပြုသွားမှာဖြစ်ပါတယ်။

ဘယ်ခြမ်းတိုက်စစ်မှာ ဘယ်သူ့ကို အသုံးပြုမလဲဆိုတာ အဲရစ်တန်ဟက်ရွေးချယ်ရမှာဖြစ်ပြီး ဆန်ချို၊ ဂါနာချိုအပြင် ဘရူနိုဖာနန်ဒက်စ်ကလည်းဘယ်တောင်ပံတိုက်စစ်အဖြစ်ကစားနိုင်ပါတယ်။

ဖြစ်နိုင်ခြေအရှိဆုံးLine Up ကတော့ ဂိုး- ဒီဂီယာ၊ နောက်တန်း – လုခ်ရှော၊ လီဆန်ဒရိုမာတီနက်ဇ်၊ဗာရန်း၊ ဘစ်ဆာကာ၊ Double Pivot အဖြစ် ကတ်စ်မဲရိုး+ဖရက်ဒ်၊တိုက်စစ်မှာတော့ ဆန်ချို+ဖာနန်ဒက်စ်+အန်တိုနီ၊အထောင်တိုက်စစ်နေရာမှာ ဗက်ဟော့တ်တို့ ပွဲထွက်လာဖို့ရှိပါတယ်။