Manu sports

ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူချင်နေတဲ့ စပါးအသင်း

ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူချင်နေတဲ့ စပါးအသင်း

စပါးအသင်းဟာမန်ချက်စတာယူနိုက်တက် နံပါတ်(၂)ဂိုး သမားဖြစ်သူဟန်ဒါဆင်ကိုလာမယ့်နွေရာသီအပြောင်းအ ရွှေ့ဈေးကွက်အတွင်း ကြိုးပမ်းသွားဖို့ပြင်ဆင်နေပါတယ်။

စပါးအသင်းဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့ ပြင်သစ်ဝါရင့်ဂိုးသမားလိုရစ်နေရာမှာအစားထိုးဖို့ ဟန်ဒါဆင်ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူစပါးအသင်းခေါင်းဆော င်လိုရစ်ဟာ ဘောလုံးသမားဘဝအဆုံးသတ်ခါနီးအချိန်ရောက်ရှိလာသလို နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့အမှားအယွင်းတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီရာသီအစပိုင်းက ယူနိုက်တက်ကနေ နော်တင်ဟမ်ဖော်ရက်စ်ကိုအငှားနဲ့ပြောင်းရွှေ့ခဲ့သူ ဟန်ဒါဆင်(၂၆နှစ်)ဟာ အသင်းအတွက်လက်စွမ်းပြကစားနိုင်ခဲ့ပြီးအခုလောလေ ာဆယ်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပါတယ်။

စပါးအသင်းဟာ ဟန်ဒါဆင်ရဲ့ စွမ်းဆောင်ရည်ကိုအားရကျေနပ်မှုရှိတဲ့အတွက် လာမယ့်နွေရာသီကျရင်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ football.londonဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းမှာ ဒီဂီယာရဲ့အရန်အဖြစ် အသုံးပြုဖို့ ထိပ်တန်းအဆင့်ဂိုးသမားမရှိတာကြောင့် ဟန်ဒါဆင်ကို လက်လွှတ်ခံဖို့ မသေချာပါဘူး။