(၆)နှစ်ကြာဝေးကွားနေတဲ့ ဆုဖလားတစ်လုံးကို မန်ချက်စတာမြို့သို့ သယ်ဆောင်ရတော့မယ့် နည်းပြ တန်ဟက်ဂ်
ကာရာဘောင်ဖလား ဆိုတာ လွန်လေခဲ့ပြီးသော နှစ်တွေမှာ မန်ယူနိုက်တဒ်တွက် စာဖွဲ့နေရလောက်အောင် ကြီးမြတ်တဲ့ ဆုဖလား မဟုတ်ပေမယ့် အောင်မြင်မှုနဲ့ (၆)နှစ်ကျော်ကြာ ဝေးကွာနေခဲ့တဲ့ ယနေ့အချိန်မှာတော့ ကာရာဘောင်ဖလားဟာလည်း အရေးပါတဲ့ ဆုတံဆိပ်တစ်ခု ဖြစ်လာခဲ့ပါပြီ။အထူးသဖြင့် အသင်းကို ရောက်ရှိလာတဲ့ (၆)လအတွင်းမှာပဲ အရာအားလုံးကို ပြောင်းလဲပြနိုင်ခဲ့တဲ့ အဲရခ် အတွက် ဒီဆုဖလားဟာ ပထမဆုံးသော မှတ်တိုင်တစ်ခုဖြစ်လာမှာပါ။
ဘောလုံးသမိုင်းမှာ ဗိုလ်လုပွဲကို ဘယ်အသင်းတက်ရောက်ခဲ့တယ်ဆိုတာ ပရိတ်သတ်တွေက မသိကြပေမယ့် ဘယ်အသင်းကတော့ ဗိုလ်ဆွဲခဲ့တယ်ဆိုတာကို နှစ်ရှည်လများ မှတ်မိနေကြတာဖြစ်လို့ ယူနိုက်တဒ် ရဲ့ ပြောင်းလဲမှုကို အကောင်ထည်ဖော်ခဲ့တဲ့ တန်ဟဂ် အတွက် ဒီဆုဖလားက ပထမဆုံးသော ဝေဖန်ရေးသမားတွေကို အလဲထိုးမယ့်အောင်မြင်မှု ဖြစ်ပါလိမ့်မယ်။
ယူနိုက်တဒ် အနေနဲ့ ဘာစီလိုနာ ကို ခက်ခက်ခဲခဲ ကစားပြီး (၃)ရက်သာခြားတဲ့အချိန်မှာ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို လာရောက်ကစားတာဖြစ်လို့ ပွဲပန်းမှုပြသနာကို ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။ဒီပွဲစဉ်အပြီးမှာ ဝက်စ်ဟမ်း အသင်းနဲ့ FA ဖလား ပွဲ ရှိသလို လီဗာပူးလ်ရဲ့ အန်ဖီးလ် ကွင်းကို သွားကန်ရမှာဖြစ်လို့လည်း နည်းပြ အဲရခ်တန်ဟဂ် ခေါင်းခြောက်နေမှာတော့ အသေချာပါပဲ။
တဖက်မှာလည်းကစားသမားတွေဟာ ပွဲပန်းလွန်းတဲ့ ပြသနာကို ရင်ဆိုင်နေရပြီး အတော်လေး ဒဏ်ရာအနာတရများနေပါတယ်။တိုက်စစ်မှုး မားကပ်စ်ရရှ်ဖိုဒ့် ဒဏ်ရာရရှိနေမှု က ဒီနေ့ပွဲအတွက် အထူးစိုးရိမ်ရမယ့် အခြေအနေမှာရှိပါတယ်။ရရှ်ဖိုဒ့် သာ ကြံခိုင်မှုမပြည့်ဝခဲ့ရင် ယူနိုက်တဒ် တိုက်စစ်က လိုတာထက်ပိုပြီး ရုန်းကန်ရပါလိမ့်မယ်။
တန်ဟဂ် အတွက် ဒီဆုဖလားဟာ ရေတိုအောင်မြင်မှုအတွက်သာမက ခရီးရှည်ချီတက်ရမယ့် ရာသီကုန်အထိလည်း အရေးပါတဲ့နထားမှာရှိနေပါတယ်။ယူနိုက်တဒ် ကစားသမားတွေသာ ဒီနေ့ပွဲအနိုင်ရပြီး ဆုဖလားအရသာကိုခံစားမိခဲ့ရင် နောက်လာမယ့်ပွဲတွေအတွက်ပါ စိတ်ဓာတ်ပိုင်းမြင့်တက်သွားမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့ရင်တော့ တန်ဟဂ် အနေနဲ့အတော်လေး ထိန်းသိမ်းကိုင်တွယ်ရဖွယ်ရှိပါတယ်။
အနီးစပ်ဆုံး ယူရိုပါလိဂ်ဗိုလ်လုပွဲ(၂၀၁၉) ကို အရေးနိမ့်ထားဖူးတာကြောင့် အသင်းအနေနဲ့ ဗိုလ်လုပွဲတွေမှာ ကံခေနေတဲ့ ပြသနာကိုဖြေရှင်းနိုင်ဖို့ဆိုရင် ဒီနေ့ညအနိုင်ရဖို့လိုအပ်ပြီး အသင်းရဲ့အနာဂတ် နဲ့ ခြေစွမ်းမှတ်ကျောက်တင်ခံနိုင်မှုအရ ကာရာဘောင်ဖလားက သာမန်ဆုဖလားတစ်ခုထက်ပိုပြီး ဂုဏ်သိက္ခာပိုင်းအရပါအရေးကြီးတဲ့ဆုဖလားလို့ဆိုရပါလိမ့်မယ်။