မန်ယူနိုင်မယ်၊နယူးကာဆယ်နိုင်မယ် ပေါလ်မာဆင်နဲ့ BBC အားကစားသတင်းထောက် အငြင်းအခုံဖြစ်တဲ့ ကြိုတင်သုံးသပ်ချက်
မန်ချက်စတာယူနိုက်တက်အသင်းဟာယနေ့တနင်္ဂနွေနေ့ မှာ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နှစ်သင်းစလုံးဟာ ရာသီရဲ့ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ ကြိုးစားနေကြပါတယ်။
ယူနိုက်တက်ဟာ 2017 ယူရိုပါလိဂ်ဖလား အောင်မြင်ပြီးကတည်းက ဆုဖလားနဲ့ ကင်းကွာနေရတာပါ။ တန်ဟတ်အနေနဲ့ သူပေးထားတဲ့ ကတိဖြစ်တဲ့ ဆုဖလားယူပေးဖို့ အခွင့်အရေး ရနေပြီပဲ ဖြစ်ပါတယ်။
ကြာသပတေးနေ့ကဒုတိယအကျော့မှာ ဘာစီလိုနာကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့် နောက်ဆုံးအဆင့်ကို တက်လှမ်းကစားရမှာ ဖြစ်ပါတယ်။ဘာကာနဲ့ အသည်းအသန်ကစားပြီး ကာရာဘောင် ဖလား ဗိုလ်လုပွဲ အတွက် ပြင်ဆင်ချိန်(၂)ရက်သာ ရရှိခဲ့ပါတယ်။
Chris Sutton(BBC အားကစားရေးရာသုံးသပ်သူ)မန်ချက်စတာယူနိုက်တက်ဟာအခုတော့နည်းပြ ကစားသမား အကုန်လုံး တညီတညွှတ်တည်း ဟာမိုနီ ဖြစ်နေပါတယ် ။အခုလို ဖြစ်ရတဲ့ ရလဒ်အတွက် အဲရစ်တန်ဟတ် လုပ်ခဲ့တဲ့အလုပ်အတွက် ချီးကျူးစရာကောင်းပေမယ့် ကျွန်တော်ထင်ထားသလိုပဲ တနင်္ဂနွေနေ့ဟာ သူတို့အတွက် လွယ်ကူလလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။
၂၀၁၈ချန်ပီယံ လိဂ် ဗိုလ်လုပွဲမှာ နယူးကာဆယ် အတွက် ဂိုးဖမ်းမည့် ဂိုးသမား Kariusရဲ့ လီဗာပူးလ် အသင်းအတွက်ဂိုးဖမ်းစဥ်အမှားကြီး မှားခဲ့တာတွေ ကို ပြန်လည် ပြင်ဆင်ခွင့်ရအောင်ကြိုးစားနိုင်ဖွယ်ရှိနေတယ်လို့ ထင်ပါတယ်။
PaulMerson (Sportskeeda)တကယ်လို့ ဒီဖိုင်နယ်မှာလွဲချော်ခဲ့တဲ့ကစားသမားတစ်ယောက်သာဂိုးသမား Nick Pope ပဲ ဖြစ်လိမ့်မယ်။ သူက ဒီရာသီမှာ နယူးကာဆယ်အမှတ်တွေ အများကြီး ရအောင် စွမ်းဆောင်ပေးထါးတာပါ။ ဂိုးသမား နစ်ပုပ်သာ မပါနိုင်တဲ့အတွက် နယူးကာဆယ် အခြေအနေမကောင်းဘူး လို့ မြင်ပါတယ်။ယူနိုက်တက်က ဖိုင်နယ်မှာ အနိုင်ယူရမယ့် အသင်းပါ။