Manu sports

ငှက်ကျားတွေကိုသနားလို့နှစ်ချက်ရိုက်ပြီး၂၀၁၇နောက်ပိုင်း ပထမဆုံး ဆုဖလားရရှိသွားတဲ့တန်ဟက်ဂ် ရဲ့ သခင်ကြီး မန်ယူနိုက်တက်

ငှက်ကျားတွေကိုသနားလို့နှစ်ချက်ရိုက်ပြီး၂၀၁၇နောက်ပိုင်း ပထမဆုံး ဆုဖလားရရှိသွားတဲ့တန်ဟက်ဂ် ရဲ့ သခင်ကြီး မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက်တို့ရဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲကတော့ ထင်မှတ်သလို အကြိတ်အနယ်မရှိခဲ့ဘဲ ယူနိုက်တက်ကွင်းလယ်နဲ့ ခံစစ်ပိုင်းကို မကျော်လွှားနိုင်တဲ့ နယူးကာဆယ်တို့ အခက်တွေ့ခဲ့ရတဲ့ ပွဲပါပဲ။

ပွဲအစမှာ နယူးကာဆယ်က လျင်လျင်မြန်မြန်နဲ့ ကစားခဲ့ပြီး စိန့်မက်ဆီမင်ရဲ့ ထိုးဖောက်မှုတွေကို ဒါလော့မနည်းကာကွယ်နေရလို့ ယူနိုက်တက်တို့ အခက်တွေ့မယ်ထင်ခဲ့ရတာပါ။

ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ယူနိုက်တက်က ပွဲကိုထိန်းချုပ်သွားခဲ့ပြီး မိနစ် ၃၀ ကျော်မှာတော့ ဂိုးတွေဆက်တိုက်သွင်းသွားခဲ့ပါတယ်။ ဂွီမာရေ့စ်ဦးဆောင်တဲ့ နယူးကာဆယ်ကွင်းလယ်က ယူနိုက်တက်ကို မယှဉ်နိုင်ခဲ့ဘဲ တောင်ပံက မက်ဆီမင်နဲ့ အယ်မီရွန်တို့ကိုပဲ အားကိုးနေခဲ့ရတာပါ။

အယ်လ်မီရွန်ကလည်း လုခ်ရှောကို မကျော်နိုင်လို့ အခက်တွေ့ခဲ့ရပြီး ယူနိုက်တက်အတွက်တော့ ပွဲကလွယ်လင့်တကူဖြစ်ခဲ့ပါတယ်။ အဖွင့်ဂိုးကို ကက်စ်မဲရိုးက လုခ်ရှောရဲ့ ပြစ်ဒဏ်ဘောကန်တင်ပေးမှုကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။

သိပ်မကြာခင်မှာပဲ နောက်တဂိုးကို ရက်ရှ်ဖို့ဒ်က ဝက်ဂျ်ဟော့စ်ရဲ့ ဖန်တီးမှုကနေ သွင်းယူခဲ့လို့ ပထမပိုင်းမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲက နည်းနည်းအေးသွားပြီး ယူနိုက်တက်က အလွယ်တကူပဲ ထိန်းချုပ်ကစားနေခဲ့ပါတယ်။

နယူးကာဆယ်ကခပ်ကြမ်းကြမ်းအဝင်အထွက်တွေနဲ့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပြီး မက်ဆီမင်ရဲ့ တိုးအားတွေကို အား ပြုလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ခံစစ်ကိုတော့ သူတို့ကျော်ဖြတ်နိုင်ဖို့ အခက်တွေ့နေတာကို မဖြေရှင်းနိုင်ခဲ့လို့ ချေပဂိုးရဖို့ကတော့ အလှမ်း၀ေးနေခဲ့ပါတယ်။

နယူးကာဆယ်က တိုက်စစ်ကို အသားကုန်ဖွင့်ဆော့ပြီး ချေပဂိုးတွေရဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ယူနိုက်တက်ကွင်းလယ်နဲ့ ခံစစ်က စနစ်တကျပိတ်ဆို့ထားခဲ့ပြီး ဒီနောက်မှာ တန်ဟက်ဂျ်က ကွင်းလယ်မှာပါ ကစားသမားတွေလဲလှယ်ပြီး ကာဆယ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

မက်ဆီမင်အားကုန်ထုတ်ခဲ့ပေမယ့်ဂိုးပေါက်ရှေ့ဆို ဘော လုံးပျက်ပျက်သွားခဲ့ပြီး ဂိုးပေါက်ကန်သွင်းချက်တောင် မယ်မယ်ရရမရှိခဲ့ပါဘူး။