Manu sports

လိဂ်ဖလားသမိုင်းတလျောက် တတိယ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားတဲ့ ယူနိုက်တက်အသင်း

လိဂ်ဖလားသမိုင်းတလျောက် တတိယ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားတဲ့ ယူနိုက်တက်အသင်း

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲစဥ်အဖြစ် ဝင်ဘာလေကွင်းမှာ နယူးကာဆယ်အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ပြီးအနိုင်ရခဲ့တာကြောင့် မှတ်တမ်းကောင်းတစ်ခုရရှိခဲ့ပါတယ်။

ဒါဟာ မန်ယူနိုက်တက်အတွက် ( ၂၀၁၇ ) နောက်ပိုင်း ပထမဆုံးဆုဖလား သိမ်းပိုက်နိုင်ခဲ့တဲ့အကောင်းဆုံး အခွင့်အရေးဖြစ်ခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် ( ၃၀ ) ဝန်းကျင်အထိ နှစ်သင်းစလုံး ခြေရည်တူကစားထားပြီး အခွင့်အရေးအချို့ ကိုယ်စီ ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့် အပြောင်းအလဲဖြစ်စေတာကတော့ ပွဲကစားချိန် ( ၃၆ ) မိနစ်မှာ ရက်ဖို့ဒ် ရယူပေးခဲ့တဲ့ ပြစ်ဒဏ်ဘောဖြစ်ပါတယ်။လုခ်ရှောရဲ့ ကန်တင်ပေးမှုကို ကက်စမဲရိုးက ခေါင်းတိုက်အဆုံးသတ်ပြီး အဖိုးတန် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် ( ၃၉ ) မိနစ်မှာတော့ ရပ်တန့်လို့မရတော့တဲ့ မားကတ် ရက်ဖို့ဒ်က ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့်ပွဲပြီးဆုံးချိန်မှာလည်းနှစ်ဂိုး ဂိုးမရှိနဲ့သာအနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့်လိဂ်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားအောင်မြင်မှုဟာ တတိယနေရာထိရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ချန်ပီယံဆုကို ၁၉၉၂၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၇၊ ၂၀၂၃တို့မှာရရှိခဲ့သလို ဒုတိယဆုကိုလည်း ၁၉၈၃၊ ၁၉၉၁၊ ၁၉၉၄၊ ၂၀၀၃ တို့မှာအသီးသီးရရှိခဲ့ပါတယ်။

လိဂ်ဖလားအအောင်မြင်ဆုံးအသင်းများမှာလီဗာပူးလ်ချန်ပီ ယံ(၉)ကြိမ်၊ဒုတိယ(၄)ကြိမ်မန်စီးတီး ချန်ပီယံ(၈)ကြိမ်၊ ဒုတိယ(၁)ကြိမ်မန်ယူ – ချန်ပီယံ(၆)ကြိမ်ဒုတိယ(၄) ကြိမ်အက်စတွန်ဗီလာ ချန်ပီယံ(၅)ကြိမ်၊ ဒုတိယ(၄)ကြိမ်ချယ်လ်ဆီး – ချန်ပီယံ(၅)ကြိမ်၊ ဒုတိယ(၄)ကြိမ်တို့ဖြင့်အသီးသီးရရှိခဲ့ကြပြီး ယူနိုက်တက်အသင်း တတိယအအောင်မြင်ဆုံးအသင်းဖြစ်လာခဲ့ပါပြီ။