Manu sports

ဂိုးတွေတစ်ဒိုင်းဒိုင်းသွင်းရတဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြော ဆိုလိုက်တဲ့ တိုက်စစ်မှုး ရက်ရှ်ဖိုဒ့်

ဂိုးတွေတစ်ဒိုင်းဒိုင်းသွင်းရတဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြော ဆိုလိုက်တဲ့ တိုက်စစ်မှုး ရက်ရှ်ဖိုဒ့်

ရက်ရှ်ဖို့ဒ်လို့ပြောလိုက်တာနဲ့ မန်ယူရဲ့ တိုးတက်မှုတွေမှာ အဓိကအကျဆုံး ကစားသမားတစ်ဦးလို့ မြင်ပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေသလို တိုက်စစ်မှာလည်း သူမပါရင်လုံးဝမဖြစ်လောက်အောင်ကိုခြေစွမ်းပြနေတဲ့ ကစားသ မားပါ။

ဘာစီလိုနာဂိုးသမား တာစတီဂျန်လို ကောင်းပါတယ်ဆိုတဲ့ ဂိုးသမားကိုတောင် (၂)ဂိုးတိတိ သွင်းပြခဲ့တဲ့ထိ ကြမ်းနေပေမဲ့ ရက်ရှ်ဖို့ဒ်ဟာ ငယ်ငယ်တုန်းက တိုက်စစ်မှူးမဟုတ်ပါဘူး။ ဂိုးသမား ဘဝနဲ့ အစပြုခဲ့ရင်း နောက်ပိုင်းမှသာ တိုက်စစ်မှူး ဖြစ်လာခဲ့တာပါ။

ဒီအကြောင်းကို စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ သူဘာလို့ ဂိုးတွေမြူးတဲ့ တိုက်စစ်မှူး ဖြစ်လာရတဲ့ အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ သူများတွေလို ဂိုးတွေသွင်းချင်လို့ တိုက်စစ်မှူးဖြစ်လာတာ မဟုတ်ဘဲ ပျင်းလို့ ဖြစ်လာတဲ့အကြောင်း အခုလိုပြောခဲ့ပါတယ်။

ကျွန်တော် ကလေးဘဝတုန်းက ဂိုးသမားနေရာပဲကစားခဲ့တာ၊ မန်ယူနိုက်တက်အသင်း ကျွန်တော့်ကို ကင်းထောက်လာတဲ့နှစ်တုန်းကတော့ ကျွန်တော်ရှေ့တက်ကစားခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်အသင်းက ပွဲတိုင်းနိုင်နေတော့ ဂိုးစောင့်ရတာပျင်းလို့ဆိုပြီးရှေ့တက်ကစားခဲ့တာ၊ကျွန်တော် ရှေ့တက်ကစားတာကို သူတို့တွေ့ပြီးကျွန်တော့်ကို ခေါ်သွားတော့တာပဲ” လို့ ဆိုပါတယ်။

ရက်ရှ်ဖို့ဒ်က တကယ်လည်း ဂိုးသမားဖြစ်ဖို့ အတော်လေး နီးစပ်ခဲ့သူဖြစ်ပါတယ်သူများတွေလို တိုက်စစ်ကစားသမားတွေကို အိုင်ဒိုးအဖြစ် မထားဘဲ မန်ယူဂိုးသမား တင်ဟောင်းဝပ်ကို အားကျလို့ ဂိုးသမားဖြစ်ဖို့ လေ့ကျင့်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ဂိုဖမ်းရတာက ပျင်းဖို့ ကောင်းမှန်း ငယ်စဉ်ကတည်းက ရက်ရှ်ဖို့ဒ် သိသွားခဲ့ပါတယ်။

တစ်ဖက်က တိုက်စစ်က လာကန်မှပဲ ဂိုးဖမ်းရတဲ့အဖြစ်ကို သဘောမကျလို့ ငယ်ဘဝကလပ်မှာဆိုရင် ဘောလုံးချပြီး၊ တစ်ကိုယ်တော် ဆွဲပြေးကန်သွင်းတဲ့အထိ လုပ်ခဲ့သူပါ။ ဒါကြောင့်လည်း မန်ယူကင်းထောက်တွေက ရက်ရှ်ဖို့ဒ်ကို အစွမ်းအစရှိသူအဖြစ် သတ်မှတ်ကာခေါ်ခဲ့တာလို့ သိရပါတယ်။

ငယ်စဉ်က ဂိုးဖမ်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်တစ်ယောက် အခုတော့ မန်ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ မရှိမဖြစ် အားထားရတဲ့ တိုက်စစ်မှုး အဖြစ် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။