တပည့်နှစ်ယောက်နဲ့အတူအပျော်လွန်ပြီးကခုန်ခဲ့တဲ့ လုပ်ရပ်ကြောင့် နည်းပြရာထူးကနေ ဒီညပဲအဲရစ်တန်ဟက် နုတ်ထွက်သင့်တယ်လို့ ရွိုင်ကိန်းနောက်ပြောင်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင် ရွိုင်ကိန်းကလိဂ်ဖလားဗိုလ်လုပွဲအပြီးမှာ လီဆန်ဒရိုမာတီနက်ဇ်၊ အန်တိုနီတို့နဲ့အတူတပျော်တပါး ဝင်ပြီး’က’ခဲ့တဲ့ အဲရစ်တန်ဟက်ဟာ နည်းပြရာထူးကနုတ်ထွက်သင့်တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာလိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်ကို(၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့်နည်းပြအဲရစ်တန်ဟက်လက်ထက် ပထမဆုံးဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီး၊ပွဲအပြီး အောင်ပွဲခံချိန်မှာ အဲရစ်တန်ဟက်က သူ့တပည့်ရင်းတွေဖြစ်တဲ့လီဆန်ဒရိုမာတီနက်ဇ်၊ အန်တိုနီနဲ့အတူ ဖင်လေးတယမ်းယမ်းနဲ့ရယ်စရာကောင်းအောင် ကပြခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာ အေဂျက်စ်နည်းပြဘဝတုန်းကလည်း ဖလားရတဲ့အခါ အန်တိုနီ၊ လီဆန်ဒရိုမာတီနက်ဇ်တို့နဲ့အခုလိုပဲ ဝင်ကခဲ့ဖူးပါတယ်။
ပွဲအပြီးမှာအဲရစ်တန်ဟက်နဲ့အတူယူနိုက်တက်ဂန္ထဝင်တွေ ဖြစ်တဲ့ ရွိင်ကိန်း၊ ဂယ်ရီနဗီးလ်အပါအဝင် လက်စ်ဖာဒီနန်၊ဒေးဗစ်ဂျီနိုလာနဲ့ Sky Sports ရုပ်သံတာဝန်ရှိသူတွေ အင်တာဗျူးလုပ်ခဲ့ပြီးသတင်းထောက်က ကကွက်ဆန်းတွေပြသခဲ့တာနဲ့ပတ်သက်လို့
မေးမြန်းခဲ့ချိန်မှာ ရွိုင်ကိန်းဟာ ကြားဖြတ်ပြီးတော့ “ဒါပြီးရင် ယူနိုက်တက်နည်းပြရာထူးကနေ နုတ်ထွက်သင့်ပြီ။ ဒီညမှာပဲ ရာထူးက နုတ်ထွက်လိုက်တော့”လို့ဝင်နောက်ခဲ့တာဖြစ်ပါတယ်ရွိုင်ကိန်းရဲ့ နောက်ပြောင်မှုကြောင့်အားလုံး ရယ်မောခဲ့ပြီး အဲရစ်တန်ဟက်က “မထွက်ပါဘူး။
အရင်ကလည်းငါတို့တွေ ဒီလိုအောင်ပွဲခံခဲ့ဖူးတယ်။ နောက်ထပ်လည်း ဒီလိုမျိုးအောင်ပွဲခံခွင့်ရဖို့ မျှော်လင့်ပါတယ်”လို့ ရယ်ရယ်မောမောနဲ့ ပြန်ဖြေခဲ့ပါတယ်။