လိဂ်ဖလားရယူနိုင်ခဲ့တာကြောင့် နောက်ထက်ဆုဖလားတွေအများကြီးရယူဖို့ခွန်အားဖြစ်သွားပြီးလို့တန်ဟက်ဂ် ပြောကြား
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကလိဂ်ဖလားချန်ပီယံဆုဟာ နောက်ထပ်ဆုဖလားတွေအများကြီးရယူနိုင်ဖို့အတွက် ခွန်အားဖြစ်စေပြီး အသင်းအတွက်အောင်မြင်မှုအများကြီး ရယူပေးချင်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာ လိဂ်ဖလားချန်ပီယံဆု ရရှိခဲ့တဲ့ပထမဆုံးဒတ်ချ်လူမျိုးနည်းပြအဖြစ် စံချိန်ရေးထိုးခဲ့သလိုယူနိုက်တက်အသင်းသမိုင်းမှာ မော်ရင်ဟိုနောက်ပိုင်းနည်းပြဘဝပထမဆုံးရာသီမှာပဲဆုဖလားအောင်မြင်မှုရယူနိုင်တဲ့ဒုတိယမြောက်နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။
ပွဲအပြီး အင်တာဗျူးမှာ အဲရစ်တန်ဟက်က “ယူနိုက်တက်ကိုစတင်ရောက်ရှိချိန်ကတည်းက ဆုဖလားအောင်မြင်မှုရယူနိုင်မယ်လို့ ခံစားမိပြီး အခုတော့ အမှန်တကယ်ဖြစ်လာပါပြီ။
အဲဒီအတွက် ကျွန်တော်တို့ အောင်ပွဲခံရမှာဖြစ်သလို ပြီးရင်တော့လာမယ့်ပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်သွားရမှာဖြစ်ပါတယ်။
အခု လိဂ်ဖလားချန်ပီယံဆုက နောက်ထပ်ဆုဖလားတွေပိုင်ဆိုင်ဖို့အတွက် ခွန်အားဖြစ်စေပါတယ်။ အခုဆိုရင် ယူနိုက်တက်နဲ့ကျွန်တော်ကတစ်သားတည်းဖြစ်နေပြီး အသင်းရဲ့သမိုင်းတစ်နေရာမှာပါဝင်ခွင့်ရလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။