ဝမ်းသာလို့ငိုတောင်ငိုခဲ့တယ်ဆိုတဲ့ဗက်စ်ဟော့ နဲ့ အပယ်ခံဖြစ်ခဲ့ပင်မယ့်လည်း ပရိသတ်တွေရင်ထဲထိအောင်လုပ်ခဲ့တဲ့ မက်ဂွားယား
ကာရာဘောင်ဖလားချန်ပီယံဆု ရယူပြီးနောက် မန်ချက်စတာ ယူနိုက်တက်ကစားသမားတွေရဲ့ အောင်ပွဲခံပုံတွေဟာ သရဲနီ ပရိသတ်တွေအတွက်တကယ်ပဲကြည်နူးဖို့ ကောင်းလှပါတယ်။
နည်းပြ အဲရစ် တင်ဟာ့ခ်ရဲ့ အန်တိုနီ ၊မာတီးနက်တို့နဲ့အတူကခုန်အောင်ပွဲခံပုံကလည်းပရိသတ်တွေကြားရေပန် းစားလျက်ရှိပါတယ်။ အဝတ်လဲခန်းထဲမှာ ပုံရိပ်တွေကလည်းစိတ်ကျေနပ်ဖို့ ကောင်းလှပါတယ်။
ဒါပေမယ့်အွန်လိုင်းပေါ်မြင်တွေ့ရတဲ့ထဲမှာတော့ဂေါင်းကြီး နဲ့ ဝု ဗက်ဟော့တို့ရဲ့ပုံရိပ်က တကယ်ပဲ ရင်ထဲထိစေပါတယ်။ဒီရာသီမှာအပယ်ခံ ကစားသမားတစ်ဦးလို ဖြစ်လာတဲ့ ဟယ်ရီ မက်ဂွဲယား နှင့်ဇန်နဝါရီလကမှ အသင်းကို ရောက်ရှိလာတဲ့ဝုဗက်ဟော့တို့ဟာUnited Road သီချင်းကိုပရိသတ်တွေနဲ့အတူသံပြိုင်သီဆိုနေကြတာဖြစ်ပါတယ်။
မက်ဂွဲယားဟာအပယ်ခံဖြစ်နေပေမယ့်လည်း လူကြီးလူ ကောင်းတစ်ဦး ပီပီပြုမူခဲ့တာတွေ့ရပါတယ်။ ဗက်ဟော့ကလည်းဇန်နဝါရီလတုန်းကထင်မှတ်မထားပဲ ယူနိုက်တက်ကို ရောက်ရှိလာပြီး ယခုလို ပရီးမီးယားလိဂ်အင်အားကြီးအသင်းတစ်ခုမှာ အဓိကနေရာကနေ ကစားကာဆုဖလား ရယူဖို့ဆိုတာ သူ့အတွက် မယုံနိုင်ဖွယ် အိပ်မက်ပါပဲလို့ဆိုခဲ့ပါသေးတယ်။
ဒါ ကျွန်တော့ရဲ့ ဟိုး..ငယ်ဘဝကတည်းက မက်ခဲ့ရတဲ့ အိပ်မက်ပါဗျာ။ ဒီလို အံ့သြစရာကောင်းလွန်းတဲ့ အသင်းမှာ ကစားခွင့်ရဖို့က ကျွန်တော် ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့အိပ်မက်ပါ။ဖိုင်နယ်မှာကစားခွင့်ရခဲ့တယ် ၊ အသင်းရဲ့ ဒုတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့တယ်။ ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ဘူး…။
နောက်ဆုံး ပွဲပြီးခရာမှုတ်တော့ တန်ဟတ် ကျွန်တော့ကို တခုခုပြောသေးတယ်။ ကျွန်တော် ဘာမှမသိတော့ဘူး။ သူပြောတာလည်း မကြားတော့ဘူး။ ကျွန်တော့ စိတ်တွေ၊ အာရုံတွေက တနေရာရာကိုရောက်နေပြီ။ အရိုးသားဆုံးပြောတာပါ။ သူပြောတာ ဘာတခုမှ မသိတော့ဘူး။ ”
Weghorstဟာ အဆိုပါအင်တာဗျူးကိုဖြေနေရင်းဘယ်လိုမှ ဆက်မဖြေနိုင်တော့ဘဲ အဲရစ်တန်ဟတ်ကို ပွေ့ဖက်ကာ ငိုကြွေးနေခဲ့ပြီး ယူနိုက်တက်မှာ ကစားခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။