Manu sports

ယူနိုက်တက်ကြယ်ပွင့်တစ်ဦးမှာ မယုံကြည်နိုင်စရာ ခြေစွမ်းမျိုးရှိတယ်လို့ ချီးကျူးခဲ့တဲ့ အီတလီဂန္တဝင်ခံစစ်မှုးကြီး ချီလီနီ

ယူနိုက်တက်ကြယ်ပွင့်တစ်ဦးမှာ မယုံကြည်နိုင်စရာ ခြေစွမ်းမျိုးရှိတယ်လို့ ချီးကျူးခဲ့တဲ့ အီတလီဂန္တဝင်ခံစစ်မှုးကြီး ချီလီနီ

ဂျုဗင်တပ်စ်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းတို့ရဲ့ ဝါရင့် ခံစစ်ကစားသမားကြီး ချီလီနီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကိုနည်းစနစ်ပိုင်းပြည့်စုံတဲ့ ကစားသ မားတစ်ဦးလို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

မာတီနက်ဇ်က ဘောလုံးပေးပို့နိုင်စွမ်း မြင့်မားတဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သလို ဘောလုံးရှင်းထုတ်မှု အပိုင်းမှာလည်းသူမတူအောင်ထူးချွန်သူဖြစ်ပေမယ့်သူ့ရဲ့ အရပ်အ မောင်းက ၅ပေ ၉လက်မသာ ရှိတာကြောင့် အစောပိုင်းတုန်းက  ဘောလုံးရေးရာ ကျွမ်းကျင်သူ တချို့က မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ လိဂ်တခုမှာ ဗဟိုခံစစ်မှူး အဖြစ် ကစားရင် မအောင်မြင်နိုင်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။

သို့သော်လည်း မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ် ကို ရောက်စအချိန်က အထင်မြင်သေးခံရမှုတွေ အပေါ် ခြေစွမ်းနဲ့ ချေဖျတ်ခဲ့ပြပြီးဖြစ်သလို မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ ဗာရန်းတို့ရှိနေတဲ့ ဗဟိုခံစစ်မှာ နေရာတစ်နေရာကို အပိုင်စားရယူနိုင်ခဲ့သလို ပရိသတ်အချစ်တော်တစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။

အခုတော့ မီဒီယာရှေ့ကို ထွက်လေ့သိပ်မရှိတဲ့ အီတလီနဲ့ ယူဗင်တပ် ဂန္တဝင် ခံစစ်မှုးကြီး ချီလီနီကပါ မာတီနက်ဇ်ရဲ့ ခြေစွမ်းကို တခုတရ ချီးကျူးခဲ့ပါတယ်။

ဝါရင့် ခံစစ်မှုးကြီး ချီလီနီက “သူက အရမ်းတော်တယ်။ နည်းစနစ်ပိုင်းအရ အရမ်းကောင်းပြီး ခံယူချက်လည်း ကောင်းမွန်တယ်။ သူက အရပ်မမြင့်မားဘူး။ ဒါပေမဲ့ aggressive ဆန်တယ်။ မြန်တယ်။ နည်းစနစ်ပိုင်းအရ ပြီးပြည့်စုံတယ်။”

သူက တခြား နောက်ခံလူတစ်ဦးနဲ့ ရောနှောထားသလိုမျိုးကို သူက ပြီးပြည့်စုံနေတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ဘနူချီအတွက်ကတော့ အမြဲတမ်း အတူတူပါပဲ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ပြီးပြည့်စုံနေအောင်လုပ်ဆောင် ခဲ့ပါတယ်။ လီဆန်ဒရိုက အော်တာမန်ဒီတို့ ရိုမဲရိုးတို့နဲ့ နိုင်ငံအသင်းမှာ ကစားနိုင်တယ်။ သူနဲ့သာ တွဲကစားရရင် သူတို့လည်း perfect ဖြစ်လာလိမ့်မယ်။”

အရိုးသားဆုံး ပြောရရင် ကျွန်တော် သူ့ကို ခံစစ်မှူးတစ်ဦးအဖြစ်နဲ့စပြီးမြင်တွေ့ခဲ့ရတုန်းကတော့အခုလို အနေအထားမျိုးအထိ ရောက်လာနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒီလို မထင်ခဲ့မိတာမှားတာပါပဲ။ သူက လွန်ခဲ့တဲ့ (၂)နှစ်အတွင်းမှာ မယုံနိုင်စရာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အင်္ဂလန်လိဂ်တွေက ကစားရခက်တယ်။ ဒါပေမဲ့ သူက ခြေစွမ်းပြသနိုင်တယ်။ သူက ဘယ်တော့မှ အရှုံးမပေးဘူး။ အရပ်မြင့်တဲ့ တိုက်စစ်ကစားသမားတွေနဲ့လည်း ရင်ဆိုင်ရဲတယ်။ သူရဲ့စိတ်ဓါတ်ကို တော်တော် သဘောကျမိတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။