Manu sports

ယူနိုက်တက်အသင်းဟာ လန်ဒန်တွင်အောင်ပွဲခံမှုမပြုလုပ်ရပဲ ချက်ချင်းမန်ချက်စတာသို့ ပြန်လာရမယ်လို့ တန်ဟက်ဂ် ညွန်ကြားချက်ထွက်ပေါ်လာ

ယူနိုက်တက်အသင်းဟာ လန်ဒန်တွင်အောင်ပွဲခံမှုမပြုလုပ်ရပဲ ချက်ချင်းမန်ချက်စတာသို့ ပြန်လာရမယ်လို့ တန်ဟက်ဂ် ညွန်ကြားချက်ထွက်ပေါ်လာ

ယူနိုက်တက်အသင်းသည် နယူကာဆယ်နှင့် ဗိုလ်လုပွဲစဥ် အပြီး UK စံတော်ချိန် ည(10)နာရီခန့်တွင် မန်ချက်စတာ မြို့သို့ ချက်ချင်းပြန်လာခဲ့ကြောင်းသိရသည်။

နည်းပြ တန်ဟက်က ယင်းသို့ပြန်လာရန်ဦးဆောင်ခဲ့ပြီး အောင်ပွဲခံမှုအတွက် လန်ဒန်မြို့တွင် တစ်ညမအိပ်ခဲ့ဘဲ ဝက်ဟမ်းနှင့်ကစားမည့် FA Cup ပြိုင်ပွဲအတွက် ယနေ့ တွင် လေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်သည်။

အဲရစ်တန်ဟက်သည် ကာရာဘောင်ဗိုလ်လုပွဲအား သာမန်အဝေးကွင်းပွဲစဉ်တစ်ပွဲကဲ့သို့သာ သဘောထားပြင်ဆင်စေခဲ့သည်။ပွဲကျင်းပရာ လန်ဒန်မြို့ဆီသို့လည်း သာမန်ရထားခရီးစဉ်ဖြင့်သာလာစေခဲ့ပြီးဝင်ဘလေကွင်းအနီးရှိ ကြယ်ငါးပွင့်အဆင့်မျိုးမဟုတ်သည့် ဟိုတယ်ထံကိုလည်း အသင်းဘတ်စ်ကားဖြင့်သာ လာခဲ့သည်။

ပွဲမကျင်းပမီ စနေနေ့ညက နယူးကာဆယ်အသင်းသားများသည် ဝင်ဘလေကွင်းထဲထိသွားရောက်ခဲ့ပြီး နည်းပြ Eddie Howe က ၄င်းအသင်းအား လှုံ့ဆော်မှုများလုပ်ခဲ့ကြောင်းသိရသည်။

အဲရစ်တန်ဟက်အနေဖြင့်မူ သာမန်အဝေးကွင်းပွဲစဉ် တစ်ပွဲအနေဖြင့်သာပုံမှန်ပြင်ဆင်မှုများလုပ်ခဲ့ကြောင်း သိရသည်။ [The Athletic] ကဖော်ပြခဲ့ပါတယ်။