Manu sports

ဖလားအရသာ သိသွားလို ဖလားထပ်ယူပြအုံးမယ်” ဆိုတဲ့ ရပ်ခ်ျဖို့ထ်

ဖလားအရသာ သိသွားလို ဖလားထပ်ယူပြအုံးမယ်” ဆိုတဲ့ ရပ်ခ်ျဖို့ထ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ နည်းပြ အဲရစ်တန်ဟတ် လက်ထက် ပထမဆုံးဆုဖလားကို ကာရာဘောင်ဖလားဖိုင်နယ်မှာ နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ယူပြီး ရရှိခဲ့ပြီးနောက် ဆုဖလားတွေ ထပ်မံရယူဖို့ ဆာလောင်လာကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကတ်စ်မဲရိုးရဲ့ ခေါင်းတိုက်ဂိုး၊ ရက်ရှ်ဖို့ဒ်ရဲ့ဂိုးတို့နဲ့ ဝင်ဘာလေမှာ နည်းပြအက်ဒီဟိုဝီရဲ့ နယူးကာဆယ်ကို အနိုင်ရရှိခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ကန်ချက်ကတော့ ဘော့မန်းနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးချိန်မှာတော့ရက်ရှ်ဖို့ဒ်ကဒါက(ဆုဖလား) ကျွန်တော်တို့ အရမ်းလိုအပ်နေတဲ့ အရာတစ်ခုပါ။ ဒီနေရာမှာ ဒီလိုအောင်ပွဲမျိုးရခဲ့တာ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ခံစားချက်တစ်ခုပါပဲ ဒါပေမယ့် ပိုကောင်းတဲ့ လမ်းကြောင်းကိုလည်း ဆက်လျှောက်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒီလိုအခိုက်အတန့်တွေ ထပ်လိုချင်မိပါတယ်။

ကျွန်တော်တို့နိုင်ခဲ့သင့်တဲ့ ဗိုလ်လုပွဲတွေကို ကျွန်တော်ကစားခဲ့ဖူးပါတယ်။ ဒါက ကျွန်တော်တို့တစ်ယောက်ချင်းအတွက်ရော အသင်းအတွက်ပါ အရမ်းကိုခမ်းနားတဲ့ အခိုက်အတန့်ပါပဲ။ ရလဒ်အတွက်လည်း ကျေနပ်ပါတယ်၊ အသင်းသားအာလုံး ဒီအောင်မြင်မှုအတွက် အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။

နောက်ထပ်ဒါမျိုးပွဲတွေ အများကြီး ကစားချင်ပါတယ်၊ ဆိုလိုတာကပြိုင်ပွဲတိုင်းမှာဆက်နေချင်တာပါပဲ။အောင်မြင် မှုတွေ ရလာရင် ပိုပြီးကြိုးစားချင်စိတ်ဖြစ်ပြီး အစွမ်းကုန်ကြိုးစားချင်လာပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂိုးသမားဒေးဗစ်ဒီဂီယာကလည်းမန်ချက်စတာယူနိုက်တက်အတွက် clean sheet ၁၈၁ ပွဲရရှိခဲ့ပြီး ယူနိုက်တက်ရဲ့ cleansheetအများဆုံးရ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။