Breaking News!!!
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အသစ်အဖြစ်ဂျာမနီ နည်းပြ မစ်ချယ် ဖတ်ချ်ဘိုင်နားအားခန့်အပ်
လစ်လပ်လျက်ရှိတဲ့ မြန်မာလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ရာထူးနဲ့ U-23 အသင်းနည်းပြချုပ်ရာထူးနေရာတွေအတွက် ဂျာမန်နည်းပြ မစ်ချယ် ဖတ်ချ်ဘိုင်းနား
(Michael Feichtenbeiner) (1960) ကို (၂) နှစ်စာချုပ်သက်တမ်းနဲ့ ခန့်အပ်လိုက်ကြောင်း ASEAN Football News ရဲ့ ဖော်ပြချက်အရသိရပါတယ်။
နည်းပြဘဝကို စတုဂတ် ယူ(၁၉) အသင်းနဲ့စတင်ခဲ့သူ ဖတ်ဘိုင်းနားဟာ 2015ခုနှစ်မှာ ဂျာမနီ ယူ-၁၅ ၊ 2017 မှာ ဂျာမနီယူ -၁၆ ၊ 2018 ခုနှစ်မှာ ဂျာမနီ ယူ -၁၇ လက်ရွေးစင်အသင်းရဲ့ နည်းပြ
ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသလို 2019 ခုနှစ်မှာ ဘွန်ဒက်လီဂါကလပ် လီဖာရင်းအသင်းရဲ့လက်ထောက် နည်းပြအဖြစ်တာဝန်ယူခဲ့သူပါ။
သူဟာ 2020 ခုနှစ်မှာ မလေးရှားကလပ် ဆီလန်ဂေါအသင်းကို နည်းစနစ်ဒါရိုက်တာအဖြစ်စတင်ရောက်ရှိလာခဲ့ပြီး 2021ဇန်နဝါရီကနေ ဒီဇင်ဘာ အထိ နည်းပြချုပ်အဖြစ်ဆီလန်ဂေါအသင်းကိုကိုင်တွယ်ခဲ့ပြီး 2022 ဩဂုတ် မှာတော့ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
#Htookokozin