လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းအရေးကြီးဆုံးလုပ်ရမယ့်အရာတစ်ခုကိုထောက်ပြခဲ့တဲ့ဂန္တဝင်နည်းပြကြီးဖာဂူဆန်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းဆာအဲလက်စ် ဖာဂူဆန်က မန်ယူအသင်းအနေနဲ့ မားကပ် ရက်ရှ်ဖို့ဒ်နဲ့အတူဂိုးတွေ သွင်းနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို ဒီနွေမှာ ခေါ်ယူဖို့လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာကာရာဘောင်းဖိုင်နယ်မှာသွင်းခဲ့တဲ့ဂိုးအပါအ ဝင် အခုဆိုရင် နောက်ဆုံးကစားထားခဲ့တဲ့ ၁၉ ပွဲမှာ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့အခုလိုခြေစွမ်းပြနိုင်နေပေမယ့်၊ အသင်းရဲ့ အခြားတိုက်စစ်မှူးတွေဖြစ်ကြတဲ့
အန်တိုနီ မာစီရယ်က မကြာခဏဆိုသလို ဒဏ်ရာရရှိနေသလို၊ဝက်ဟော့စ်ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာတည်းကတစ်ဂိုးခန့်သာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ထို့အတွက်ကြောင့်
မန်ယူအသင်းဟာ အသင်းအတွက် အမှန်ကတယ်အကျိုးရှိစေမယ့်အထောင်တိုက်စစ်မှူးတစ်ဦးကို နွေရာသီမှာ ခေါ်သွားဖို့ စီစဉ်နေပြီး၊ဟယ်ရီကိန်းနဲ့ ဗစ်တာ အိုစီမင်တို့ကို ပစ်မှတ်ထားနေကာ၊ဆာအဲလက်စ်ကလည်း ထိုအစီစဉ်ပေါ် ထောက်ခံလာခဲ့တာ ဖြစ်ပါတယ်။
ကာရာဘောင်းဖလားပွဲအပြီးရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီးတော့ မေးတဲ့အခါဆာအဲလက်စ်က ” သူက အထောင်တိုက်စစ်မှူးတစ်ဦးလို့ မထင်ပါဘူး၊သူက တကယ်တမ်းကျ ဘယ်တောင်ပံအခြမ်းမှာ ကောင်းကောင်းကစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ကောင်းပါတယ်၊ သူ့ရဲ့အဆုံးသတ်ကအမြဲတမ်းကောင်းတယ်။
သူက အမြဲ သူ့ကန်ချက်တွေကို ပုံစံကောင်းတစ်ခုမှာထိန်းထားတယ်၊ဒါက တိုက်စစ်မှူးတစ်ဦးအတွက် အရမ်းအရေးပါပါတယ်။သူကအရမ်းကိုကောင်းတဲ့ ပုံစံတစ်ခုမှာ ရောက်ရှိနေပါတယ်၊ဒါပေမယ့် ကျွန်တော်တို့အတွက် ကံမကောင်းတာကတော့ သွင်းဂိုးတွေအတွက်သူ့ကိုပဲ အဓိကမှီခိုနေရတာ ဖြစ်တယ်။
ကျွန်တော်တို့အဲ့ဒါကအခြားတိုက်စစ်မှူးတစ်ဦးနဲ့လည်း လုပ်နိုင်တယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။ဒါပေမယ့် သူက ကျွန်တော်တို့အတွက် ကောင်း ကောင်းလုပ်ပေးနေပါတယ် ” လို့ ဆိုခဲ့ပါတယ်။