Manu sports

ယူနိုက်တက် ဒီထက်တိုးတက်ဖို့ဆိုရင် လက်တွေ့ကျကျလုပ်ဖို့အရာတွေရှိနေသေးတာတွေကို ထောက်ပြခဲ့တဲ့ ကက်စမဲရိုး

ယူနိုက်တက် ဒီထက်တိုးတက်ဖို့ဆိုရင် လက်တွေ့ကျကျလုပ်ဖို့အရာတွေရှိနေသေးတာတွေကို ထောက်ပြခဲ့တဲ့ ကက်စမဲရိုး

ယူနိုက်တက်ကွင်းလယ်လူ ကက်စမဲရိုး က သူတို့ အသင်းဟာ အာဆင်နယ် နှင့် မန်ချက်စတာ စီးတီး အသင်းတို့ရဲ့အဆင့်အတန်းမျိုးကို မရောက်သေးကြောင်း ဝန်ခံလိုက်ပြီး အဆိုပါ နှစ်သင်းဟာ သူတို့ ထက် တဆင့်မြင့်တဲ့ အသင်းတွေ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

အဲရစ် တန်ဟက် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘဝ ပထမဆုံး ဆုဖလား အဖြစ် ကာရာဘောင် ဖလားကို ဆွတ်ခူး နိုင်ခဲ့ပါတယ် ။ ဝင်ဘာလေ ကွင်းကြီးမှာ ကစားခဲ့တဲ့ ပွဲမှာ မန်ယူနိုက်တက် အသင်းဟာ နယူးကာဆယ် ကို နှစ်ဂိုးပြတ် အနိုင်ရပြီး ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင် ခဲ့တာပါ ။

ယူနိုက်တက် ဟာ နောက်ထပ် ဆုဖလားတွေ ရယူနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး ယူရိုပါလိဂ် နှင့် အက်ဖ်အေ ဖလား ရဖို့ မျှော်လင့် နိုင်တဲ့ အနေအထားမှာ ရှိပါတယ် ။ ပရီးမီးယားလိဂ် မှာတော့ အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်း နဲ့ ၈ မှတ် အထိ ကွာဟ နေတာကြောင့် ချန်ပီယံဆု နဲ့ အလှမ်းဝေးတဲ့ အနေအထားမှာပဲ ရှိနေဆဲ ဖြစ်ပါတယ် ။

ကက်စမဲရိုး က တန်ဟက် လက်အောက်မှာ ယူနိုက်တက် ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက် လာပြီ ဖြစ်ပေမယ့် အာဆင်နယ်နှင့်မန်စီးတီးတို့နဲ့ ယှဉ်ရင်တော့ အဆင့်အတန်းချင်း ကွာဟ နေသေးတယ်လို့ ဆိုပါတယ် ။ ” ကျနော်တို့အသင်းရဲ့ တိုးတက် ကောင်းမွန်လာမှုက တကယ့်ကို အားရစရာ ကောင်းပါတယ် ။ ”

ကျနော်တို့က တိုးတက်မှု ရှိနေတဲ့ အသင်း တစ်သင်း ၊ အင်္ဂလန်မှာ အများရဲ့ လေးစားမှုတွေ ပိုပို ရလာတဲ့ အသင်း တစ်သင်း ဖြစ်လာ ခဲ့ပါပြီ ။ ကျနော်တို့ အနေနဲ့ အမြဲတမ်း တိုးတက်မှုတွေ ရှိနေဖို့ လိုအပ်ကြောင်း ကို သိပါတယ် ၊ ကျနော်တို့ရဲ့ အထက် မှာ အသင်းတွေ ရှိနေသေးတယ်ဆိုတာကိုလည်း သိပါတယ် ၊ ဒါက ဖုံးကွယ်ထားလို့ရတဲ့ အရာလည်း မဟုတ်ပါဘူး ။ ”

အာဆင်နယ် နှင့် မန်ချက်စတာ စီးတီး အသင်း က ကျနော်တို့ထက် တဆင့်မြင့်တဲ့ အသင်းတွေပါ ၊ ကျနော်တို့ အနေနဲ့ လက်တွေ့ကျကျ သွားဖို့ လိုအပ်ပါတယ် ၊ ကျနော်တို့ အသင်းက တိုးတက်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် အသင်း အုပ်ချုပ်သူ ၊ နည်းပြကြီး နဲ့ အတူ ကျနော်တို့ လုပ်ရမယ့် အရာတွေကို နားလည် သဘောပေါက်ပြီး လုပ်နိုင်ဖို့ က အရေးကြီးဆုံးသော အရာပါပဲ ။ ”

ဆုဖလား ရတဲ့ အတွက် အောင်ပွဲ ခံရမှာ ဖြစ်သလို ဒီထက် တိုးတက် ကောင်းမွန်ဖို့ လိုအပ်နေသေးတယ် ဆိုတဲ့ အရာကို လက်ခံ နှလုံးသွင်းပီး ဆက်လက် ကြိုးစားရမှာပါ ။ အခုမှ အစပဲ ရှိပါသေးတယ် ၊ ဆုဖလားတွေ ရယူနိုင်တာက အသင်းအတွက် ကောင်းမွန် တဲ့ အရာဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။