တစ်ချိန်ကလိုအောင်မြင်မှုရဖို့အတွက် ယူနိုက်တက်အသင်း ဒီရာသီဖလား (၃)လုံး ရဖို့ကြိုးစားသွားရမယ်လို့ ဖရက် ပြောကြား
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်က လိဂ်ဖလားချန်ပီယံဆုဟာသူ့အတွက် အရမ်းအရေးပါတဲ့ ဖလားတစ်ခုဖြစ်ပြီး လက်ကျန်ပြိုင်ပွဲ(၃)ခုမှာလည်းဗိုလ်စွဲအောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။
၂၀၁၈ ခုနှစ်တုန်းကရှက်တာဒိုးနက်ကနေ ပေါင်(၄၇)သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိခဲ့သူဖရက်ဒ်ဟာ ယူနိုက်တက်ကစားသမားဘ၀ (၅)ရာသီမြောက်မှာဆုဖလားအောင်မြင်မှုအဖြစ် လိဂ်ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အတွက် ဖရက်ဒ်က ခြေစွမ်းပြကစားနေပြီးပြိုင်ပွဲစုံ(၃၅)ပွဲကစား၊ (၅)ဂိုးသွင်းယူခဲ့တာကြောင့် ဒါဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ အကောင်းဆုံးသွင်းဂိုးမှတ်တမ်းပါပဲ။
ဖရက်ဒ်ကဒီရာသီဟာကျွန်တော့်ရဲ့ယူနိုက်တက်ကစားသမားဘ၀(၅)ရာသီမြောက်ဖြစ်ပြီး ဒီဆုဖလားက ကျွန်တော့်အတွက်သာမကယူနိုက်တက်အသင်း တစ်ချိန်ကလို အောင်မြင်မှုတွေရယူနိုင်ဖို့အတွက်အများကြီးအရေးပါတဲ့ ဖလားတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့အသင်းနောက်ထပ်တိုက်ပွဲဝင်ရဦးမယ့် ပြိုင်ပွဲတွေကျန်ရှိနေပါသေးတယ်။လက်ကျန်ပြိုင်ပွဲ(၃)ခု ရင်ဆိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲတိုင်းမှာဗိုလ်စွဲနိုင်အောင် တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။