မင်းယူနိက်တက်အသင်း ကို တိုက်ခိုက်ချင်နေတယ်ဆိုတာ သိသာပါတယ် ဂွာဒီယိုလာရယ်
မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပပ်ဂွါဒီယိုလာဟာ မကြာသေးမီကမှကာရာဘောင်းဖလားရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကိုစောင်းမြောင်းပြောဆိုဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
မန်ယူအသင်းဟာတနင်္ဂနွေနေ့တုန်းက နယူးကာဆယ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ကာနောက်ဆုံးခြောက်နှစ်တာကာလအတွင်း ပထမဆုံးဖလားကို ရခဲ့ပါတယ်။အခုချိန်မှာတော့ ထိုအခြေအနေနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာကမှတ်ချက်ပေးရင်း အနည်းငယ်လေးတိုက်ခိုက်ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ကို ဂုဏ်ပြုပါတယ်။ အနှေးနဲ့ အမြန်တော့ မန်ယူအသင်းဖလားရတာ ဖြစ်သင့်ပါတယ်၊ ဖြစ်သင့်တယ်မလား ” လို့ ဆိုခဲ့ပါတယ်။
မန်ယူအသင်းကို နောက်ထပ်ဆုဖလားတွေအတွက် စိန်ခေါ်သူအဖြစ်သတ်မှတ်ထားလားလို့ မေးတဲ့အခါ ဂွါဒီယိုလာက သူတို့သာ နောက်ထပ်ပိုက်ဆံအနည်းငယ်ပိုသုံးရင် ဖြစ်နိုင်ပါတယ်၊ ဘာလို့လဲဆိုတော့သူတို့က မသုံးခဲ့ကြဘူးလေ၊ ဟုတ်တယ်မလား။
သူတို့က သာမန်အားဖြင့်သူတို့ ရှိနေသင့်တဲ့ နေရာမှာ အခုရှိနေကြတာပါ ” လို့ ဆိုခဲ့ပါတယ်။ဆက်လက်၍ တန်ဟန့်အပေါ် ဂွါဒီယိုလာက ” ကျွန်တော်တို့ရဲ့ ပထမဆုံးကာရာဘောင်းဖလားကို ရဖို့အတွက် သွားရတုန်းက လူတိုင်းစိတ်လှုပ်ရှားခဲ့ကြတာကို မှတ်မိပါသေးတယ်။
ဝန်ထမ်းတွေအတွက်ကော၊ကစားသမားတွေအတွက်ကော အဲ့ဒါက အသစ်ဖြစ်တယ်။လေးကြိမ်ဆက်တိုက်လောက် ကာရာဘောင်းဖလားရဖို့သွားကန်ရချိန်မှာတော့ ‘ အိုကေ၊ ကောင်းပြီလေ၊ နောက်တစ်လုံးပေါ့ ‘ဆိုပြီး ဖြစ်သွားပါတယ်။ ယူနိုက်တက်အသင်းကဒီနေရာမှာ ရှိနေရမာ သာမန်ပါပဲ။
ကျွန်တော်ဒီကိုရောက်တော့၊ယူနိုက်တက်အသင်းက သမိုင် းကြောင်းတွေအတွက်၊အရာအားလုံးအတွက်အမြဲဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ထင်ခဲ့တာပါ။အခုချိန်မှာတော့ အဲရစ် တန်ဟန့်က မယုံနိုင်စရာကောင်းလောက်တဲ့အလုပ်ကို လုပ်ပြနေပါပြီ။
ပြီးတော့ကစားသမားတွေကလည်းအသင်းအပေါ် ဘယ် လောက်သစ္စာရှိသလဲ၊ သူတို့အားလုံးအတူဘယ်လိုကြိုးစားနေသလဲဆိုတာ မြင်နိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။