sports Manu

ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ် အသည်းကျော်ကစားသမား ကို ခေါ်ယူရန်ပြင်ဆင်နေတယ်လို့ Mirror သတင်းဌာနဖေါ်ပြ

ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ် အသည်းကျော်ကစားသမား ကို ခေါ်ယူရန်ပြင်ဆင်နေတယ်လို့ Mirror သတင်းဌာနဖေါ်ပြ

မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့လာ မယ့် ရာသီ အတွက် ပြင်ဆင် မှု များ ကို ယခု အချိန် မှာ ကတည်း က စတင် လုပ် ဆောင်လာ ပီ ဖြစ်ပါ တယ်။

နည်းပြ တန်ဟတ် ရဲ့ ဦးဆောင် မှု နဲ့ အတူ လာမယ့် ရာသီ မှာ လဲ ဆုဖလား များ စွာကို သိမ်းပိုက် နိုင် ရန် ပစ်မှတ်ထားနေပြီး အသင်းကို လူငယ် ကစားသမား များ နှင့် အတွေ့အကြုံ ရင့် ကစားသမား များ ကို ရောစပ် ကာ အကောင်းဆုံး တည်ဆောက် ရန် တန်ဟတ် က ရည်ရွယ် နေတာလဲ ဖြစ် ကြောင်း သိရပါတယ်။

Mirror သတင်းဌာန ရဲ့ ဖေါ်ပြ ချက်အရ ပရီးမီးယား လိဂ် ထိပ်သီးကလပ်တစ်သင်းဖြစ်တဲ့ အသင်းက လက်တလော ခြေစွမ်းပိုင်း ကောင်းမွန် နေ တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ဝါရင့် ကွင်းလယ်လူ တိုနီခရုစ်ကို ခေါ်ယူဖို့ မိခင်အသင်းထံ မေးမြန်းခဲ့တယ်လို့ သိရသည်။

စပိန်သတင်းတွေကတော့ အဆိုပါအသင်းဟာ မန်ချက်စတာယူနိုက်တက်ဖြစ်ကြောင်း အခိုင်အမာရေးသားလာကြပါတယ်။

ဗားရန်း ကာစီမီရိုတို့ရှိနေတာဟာတိုနီအတွက် ယူနိုက်တက်ကိုလာဖို့အခြားအသင်းတွေထက်စာရင်ရွေးချယ်ဖို့အကောင် ဆုံးအသင်းလို့လဲဆိုနိုင်ပါတယ် ။

အသက်သုံးဆယ်စွန်းစွန်သာရှိနေသေးတာကြောင့်နောက် ထပ် သုံးနှစ်လောက်ကသေခြာပေါက်ကစားနိုင်တဲ့အတွက် တိုနီတစ်ယောက် အင်္ဂလန်မြေကို အရဲစွန့်ပြီးထွက်လာမလား။ဒါမှမဟုတ် စောစောစီးစီးပဲဘောလုံးလောကကိုကျောခိုင်းပြီး ဘဝကိုအေးဆေးဖြတ်သန်းတော့မှာလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။