အသက် (၁၄) အရွယ်မှာပဲ စံချိန်တင် တစ်ရာသီတည်းနဲ့ (၁၂၆) ဂိုး သွင်းယူနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူးကို ခေါ်ယူလိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့် လူဝီ ဘရက်ဘူရီ( Louie Bradbury) ကို အကယ်ဒီမီအသင်းအတွက် ခေါ်ယူခဲ့ပါတယ်။
အသက် ( ၁၄ ) နှစ်အရွယ် တိုက်စစ်မှူးဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာယူနိုက်တက်နဲ့ အကယ်ဒမီနဲ့ လက်မှတ်ထိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
သူဟာ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး မကြာသေးမီကShrewsbury Town အကယ်ဒမီမှာ ကစားနေခဲ့သူဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက ကာဒစ်စီးတီးကနေ ပြောင်းရွေ့လာတဲ့ Gabriele Biancheri ပြီးနောက် ဒုတိယမြောက် တိုက်စစ်မှူးသစ်ဖြစ်ပါတယ်။
Biancheri လိုပဲ ဘရက်ဘူရီကလည်း ဝေလ လူငယ်လက်ရွေးစင်ကစားသမားဖြစ်ပါတယ်။ အကယ်ဒမီအဆင့်မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့်ပြီးခဲ့တဲ့ နွေရာသီတုန်းကပဲ ဝေလအသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။
သူ့ရဲ့ဖခင်ဖြစ်သူJosh Bradburyဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကပဲBorderCountiesAdvertizerနဲ့ အင်တာ ဗျူးစဉ် “ ဘရက်ဘူရီက ဂိုးသွင်းတဲ့သူပါ ၊တကယ်ကောင်းမွန်တဲ့ ဂိုးတွေ သွင်းထားပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက( ၁၂၆ ) ဂိုး သွင်းယူခဲ့ပါတယ်။ ဒါက သူ့ရဲ့ အကောင်းဆုံး ရာသီပါပဲ.”လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒီ ခေါ်ယူမှုတွေက မန်ယူနိုက်တက်ဟာ လူငယ်တွေအပေါ် ရင်းနှီးမြှုပ်နှံမှုပြုနေတယ်ဆိုတာသက်သေ ပြနေပါတယ်။ ( ၂၀၂၂ ) အတွင်းမှာလည်း အသင်းက လူငယ် အက်ဖ်အေဖလားရခဲ့သလို နည်းပြ အဲရစ် တင်ဟာ့ခ်ကလည်း အကယ်ဒမီထွက်ကစားသမားတွေကို အခွင့်အရေး ပေးပို့ အသင့်ရှိနေပါတယ်။