Manu sports

နာပိုလီအသင်းရဲ့ကြယ်ပွင့်နောက်ခံလူကိုသာစာချုပ် ဖြတ်သိမ်းကြေးပေးပြီး ခေါ်ယူဖို့မေးမြန်းမှုတွေလုပ်နေတဲ့ ယူနိုက်တက်အသင်း

နာပိုလီအသင်းရဲ့ကြယ်ပွင့်နောက်ခံလူကိုသာစာချုပ် ဖြတ်သိမ်းကြေးပေးပြီး ခေါ်ယူဖို့မေးမြန်းမှုတွေလုပ်နေတဲ့ ယူနိုက်တက်အသင်း

မန်ချက်စတာယူနိုက်တဒ်ဟာနာပိုလီအသင်းရဲ့ဗဟိုနောက်ခံလူကင်မင်ဂျေးကိုခေါ်ယူရန်စိတ်ဝင်စားနေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူထံ ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

နွေရာသီမှာ Harry Maguire ထွက်ခွါပါက နောက် ထပ်ဗဟိုခံစစ်ကစားသမားတစ်ဦး ထပ်မံခေါ်ယူသွားမှာဖြစ်ပြီးအသင်းရဲ့ခံစစ်ကို ပိုမိုတောင့်တင်းအောင်တည်ဆောက်သွားရန်ပြင်ဆင်ထားပါတယ်။

ကင် အတွက် ယူနိူက်တက်က အသေးစိတ်လေ့လာစောင့်ကြည့်ထားပြီးဖြစ်သည်။ကစားသမားကို ခေါ်ယူရန်မှာ စိတ်ဝင်စားမှုကအမှန်ဖြစ်သည်။

နာပိုလီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါသဘောတူညီချက်အရ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း ၅၀ ဖြစ်ပြီး

ယူနိုက်တဒ်ကအဆိုပါစာချုပ်ဖျက်သိမ်းကြေးအား ပေးချေပြီး ကစားသမားကိုအပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။နာပိုလီအသင်ကတော့သူတို့ရဲ့ ကစား သမားကို စာချုပ်ဖျက်သိမ်းကြေးတိုးမြင့်ဖို့ ဆန္ဒရှိနေသည်။

အသက် ၂၇ နှစ်အရွယ် တောင်ကိုးရီးယားသား ကင်မင်ဂျေးရဲ့ပြောင်းရွှေ့ကြေးဟာ လက်ရှိစျေးကွက်ပေါက်စျေးအရ ယူရို ၇၅သန်းခန့် တန်ကြေးရှိကြောင်း သိရှိရပါတယ်။