Manu sports

တစ်ဂိုးအသာပေး ပြီး ကစားသမားတွေ ရဲ့နာကျင်စရာနောက်ကျဂိုးတွေဖြင့် အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အမှုန့်ကြိတ်နိူင်ခဲ့တဲ့ ယူနိုက်တက်

တစ်ဂိုးအသာပေး ပြီး ကစားသမားတွေ ရဲ့နာကျင်စရာနောက်ကျဂိုးတွေဖြင့် အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အမှုန့်ကြိတ်နိူင်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်က ပွဲအစ ( ၁၀ ) မိနစ်လောက်ကလွဲပြီး နောက်ပိုင်းမှာ ဝက်စ်ဟမ်းရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရပါတယ်။

 

မက်ဂွဲယား ၊ လင်ဒီလော့ ၊ နှင့် တွမ်မီနေးတို့ထံကနေ ဘောလုံးက ရှေ့ကို ရောက်ဖို့ မလွယ်ခဲ့ပါဘူး ။ ဒီဂီယာကောင်းလို့သာ ယူနိုက်တက်အနေနဲ့ စောစောစီးစီး ဦးဆောင်ဂိုး ခွင့်အပြုခဲ့ရတာဖြစ်ပါတယ်။

 

( ၅၄ ) မိနစ်မှာတော့ ဝက်စ်ဟမ်းက ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ စောစောစီးစီး ဦးဆောင်ဂိုး ခွင့်ပြုရတာကိုပဲ ကျေးဇူတင်ရမလို ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ရက်ဖို့ဒ် ၊ ကက်စမဲရိုးတို့ ဝင်လာပြီး ပွဲကိုပြန်လည် ဦးဆောင်ကစားလာနိုင်ခဲ့ပါတယ်။

( ၇၇ ) မိနစ်မှာတော့ ချေပဂိုး ပြန်ရပြီး မိနစ် ( ၉၀ ) မှာတော့ ဂါနာချိုက အဖိုးတန်အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။ ( ၉၅ ) မိနစ်မှာတော့ ဖရက်က အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့ပြီး ယူနိုက်တက်အနေနဲ့ ထင်မှတ်မထားတဲ့ ဂိုးပြတ်နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။

OFFICIAL! FA Cup ကွာတာဖိုင်နယ်အဆင့်တွင် ယူနိုက်တက်က ဖူဟမ်ကို Old Trafford ကွင်း၌ ရင်ဆိုင်ကစားရမည်ဖြစ် ကြောင်းသိရသည်။ ပွဲစဥ်ကို မတ်လ (18)ရက် (19)ရက် လောက်တွင် ကစားမည်ဖြစ်သည်။