Manu sports

ယူနိုက်တက်အသင်း ရဲ့ မဟာပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်အသင်းကိုပြောင်းရွေ့လာဖွယ်ရှိနေတဲ့နည်းပြဟောင်း မော်ရင်ဟို

ယူနိုက်တက်အသင်း ရဲ့ မဟာပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်အသင်းကိုပြောင်းရွေ့လာဖွယ်ရှိနေတဲ့နည်းပြဟောင်း မော်ရင်ဟို

ရိုးမားအသင်း၏ တိုက်စစ်မှူးဟောင်း ကာဆာနိုက လက်ရှိ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ပရီးမီးယားလိဂ်သို့ ပြန်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

ကာဆာနိုက ပရီးမီးယားလိဂ်မှ အသင်းတစ်သင်းသင်းကသာ ကမ်းလှမ်းခဲ့မည်ဆိုပါက မော်ရင်ဟိုသည် လက်ရှိရိုးမားအသင်းနည်းပြရာထူးကိုကို ကျောခိုင်းသွားလိမ့်မည်ဟုလည်း ဆိုခဲ့သည်။

သေချာတာတစ်ခုကတော့ မော်ရင်ဟို ပရီးမီးယားလိဂ်ကို ပြန်မယ်ဆိုတာပါပဲ။ ထိပ်တန်းအသင်းမဟုတ်ဘဲ သာမန်အသင်းဖြစ်ရင်တောင် သူလက်ခံမှာပါ။ အသင်းဟောင်းထဲမှာ သူ အင်တာကို ပြန်မှာမဟုတ်ပါဘူး။ ချယ်လ်ဆီးတစ်သင်းကိုပဲ ပြန်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

စပါးအသင်းကလည်း မော်ရင်ဟို ကို ခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့သိရပြီး တရားဝင်ကမ်းလှမ်းမှုရှိပါက မော်ရင်ဟို ဟာ စပါးအသင်းသို့ရွေ့နိုင်ဖွယ်ရှိတယ်လို့ အီတလီသတင်းအချို့ကဖော်ပြထားပါတယ်။

မော်ရင်ဟို၏ ရိုးမားအသင်းသည် မနေ့ကယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် ခရီမိုနီဆီအသင်းအား ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။