Manu sports

ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ထင် ကြေးပေးခံနေရတဲ့ သရဲနီ ကြယ်ပွင့်ကစားသမား

ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ထင် ကြေးပေးခံနေရတဲ့ သရဲနီ ကြယ်ပွင့်ကစားသမား

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာဝက်စ်ဟမ်းကို (၃-၁)ဂိုးနဲ့အနိုင်ရတဲ့ FA ဖလားပွဲက လူငယ်တိုက်စစ်ကစားသမး ဂါနာချိုရဲ့ ခြေစွမ်းအပေါ် ချီးကျူးစကားဆိုလိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းအတွက်ဦးဆောင်ဂိုးကိုဒုတိယပိုင်း(၅၄) မိနစ်မှာဘန်ရာမာက သွင်းယူခဲ့ပေမယ့် (၇၇)မိနစ်မှာ ဝက်စ်ဟမ်းနောက်ခံလူအက်ဂါ့ဒ်ရဲ့ OG ဂိုးကြောင့် ယူနိုက်တက် ချေပဂိုးရခဲ့သလို

ပွဲပြီးခါနီးမိနစ်တွေမှာ ဂါနာချိုက လှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့ဒုတိယဂိုသွင်းခဲ့ပြီး ဖရက်ဒ်က တတိယဂိုး သွင်းယူခဲ့ပါတယ်။ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂါနာချိုရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင်

တိကျတဲ့ဘောလုံးပေးပို့မှု (၈၃%)၊ မြေပြင်မှာ ပြိုင်ဘက်ကိုတစ်ဦးချင်းကျော်ဖြတ်နိုင်မှု (၁၁)ကြိမ်၊ အောင်မြင်တဲ့ဘောလုံးဆွဲပြေးမှု(၆)ကြိမ်၊ ဂိုးပေါက်ကန်သွင်းချက် (၃)ကြိမ်၊ ဘောလုံးဖျက်ထုတ်နိုင်မှု (၂)ကြိမ်၊ဘောလုံးကြားဝင်လုယူနိုင်မှု (၁)ကြိမ်နဲ့ (၁)ဂိုးသွင်းယူခဲ့ပါတယ်။

ဒီလိုခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲအတွက်အကောင်းဆုံးကစားသမားဆု(Player Of The Match)ကို ဂါနာချိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ မက်ဂွိုင်းယားက “ဂါနာချိုဟာ အရမ်းကောင်းတဲ့ဘောလုံးသမားတစ်ဦးဖြစ်ပြီး အရည်အချင်းရှိတဲ့ လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။

အခုပုံစံအတိုင်းသာ ကြိုးကြိုးစားစား လေ့ကျင့်ကစားမယ်ဆိုရင်တစ်ချိန်မှာကမ္ဘာ့အကောင်းဆုံးဘောလုံးသမာဖြစ်လာ မှာပါ”လို့ ပြောကြားခဲ့ပါတယ်။