Manu sports

ယူနိုက်တက်မှာ ကျွန်တော်ဘာမှဟုပ်ပါဘူးဆိုပြီး နှိမ့်ချပြောဆိုသွားတဲ့ လေးစားစရာ ကက်စမဲရိုး

ယူနိုက်တက်မှာ ကျွန်တော်ဘာမှဟုပ်ပါဘူးဆိုပြီး နှိမ့်ချပြောဆိုသွားတဲ့ လေးစားစရာ ကက်စမဲရိုး

မန်ယူအသင်းမှာ ခြေစွမ်းပြနေတဲ့ ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်လိုက်တဲ့ကမ္ဘာ့အကောင်းဆုံး (၁၁) ယောက် စာရင်းထဲပါလာခဲ့ပါတယ်။ အရင်က အဖြည့်ခံပုံစံ ကွင်းလယ်ခံစစ်မှာ ကစားခဲ့ရတာကြောင့် ဂိုးနဲ့ဖန်တီးမှုတွေ မရှိခဲ့တဲ့ ကတ်စမဲရိုးဟာ မန်ယူမှာတော့ အများအပြားရနေပါတယ်။

ဒီလိုဖြစ်ရတာဟာ သူကောင်းတာကြောင့်လို့ အများက ယူဆနေပေမဲ့ ကတ်စမဲရိုးကတော့ အသင်းဖော်တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။  United Review နဲ့  အင်တာ ဗျူးမှာ အခုလို ခြေစွမ်းပြနေရတာ သူ့အသင်းဖော် (၅)ဦးကြောင့်ပါလို့ နှိမ့်ချဝန်ခံခဲ့ပါတယ်။

ကတ်စမဲရိုးက ” အသင်းတိုင်းမှာ သူတို့ကိုယ်ပိုင် ကစားဟန်ဆိုတာရှိပါတယ်။ အမှန်တိုင်းဝန်ခံရရင်တော့ မန်ယူမှာ ကျွန်တော်က တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ နေရာကောင်းတစ်ခုရပါတယ်။ မန်ယူမှာ ကစားတဲ့ပုံစံက ရီးရဲမှာတုန်းကနဲ့ ကွဲပြားပါတယ်”

ချိတ်ဆက်ကစားတယ်၊ နည်းပြရော၊ လိဂ်ပုံစံရော၊ ကလပ်ကရော အားလုံးက ကွဲပြားခြားနားပါတယ်။ ပြောရရင် အသင်းတိုင်းက မတူညီတဲ့ကိုယ်ပိုင်ပုံစံနဲ့ ကစားနေကြတာပါ။ အဲဒီအတွက် အရေးကြီးဆုံးအချက်က ခပ်မြန်မြန်အသားကျအောင် ကစားနိုင်ဖို့ပါပဲ”

ကျွန်တော်က မန်ယူမှာ အသားကျအောင်ပဲ ကြိုးစားခဲ့တာပါ။ ထပ်ပြောပါမယ်။ ကျွန်တော်တစ်ယောက်တည်း လုပ်လို့မရပါဘူး။ ကျွန်တော့်မှာ အရည်သွေးမြင့်အသင်းဖော်တွေရှိပါတယ်။ လစ်ချာ(မာတီနက်ဇ်)နဲ့ ဗာရာနေးကတော့ တကယ့် အမြင့်စား အရည်အသွေးမြင့် ကစားသမားတွေပေါ့”

အဲရစ်ဆင်က အချိန်တော်တော်ကြာ ကျွန်တော် တွဲကစားခဲ့ရသူပါ။ သူက ချွင်းချက်မရှိ ထူးချွန်တယ်။ နောက်ထပ် ကောင်းတဲ့ကစားသမားကဖရက်ဒ်ပါနောက်ပြီးရင် တိုက်စစ်မှာပိုလိုက်ရတဲ့ ကစားသမားက ဘရူနိုပေါ့။ သူလည်း ကမ္ဘာ့အဆင့်ပါပဲ။ သူတို့ကြားထဲ ကျွန်တော်ကအသားကျခဲ့ရုံပါ “လို့ ချီးကျူးခဲ့ပါတယ်။

ကတ်စမဲရိုးအနေနဲ့ အခုလို နှိမ့်ချ ပြောနေပေမဲ့ သူ့ခြေစွမ်းက တကယ့်ကို အလန်းစားဆိုတာ ငြင်းမရပါဘူး။ သူမပါရင် ပွဲက တော်တော်လေးသိသာပြီး၊ ပါရင်တော့ အသင်းက တကယ့်အဆင့်မြင့်သွားတာကို မြင်ရပါတယ်။ ကတ်စမဲရိုးဟာ ကမ္ဘာ့အကောင်းဆုံး (၁၁)ယောက်စာရင်းကို မန်ယူနဲ့မှ ပထမဆုံး ဝင်ဖူးတာဖြစ်ပါတယ်။