Manu sports

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဖလားရမယ့် အချိန်ကို အတိကျထုတ်ပြောလိုက်တဲ့ကစားသမားဟောင်း ဆာဟာ

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဖလားရမယ့် အချိန်ကို အတိကျထုတ်ပြောလိုက်တဲ့ကစားသမားဟောင်း ဆာဟာ

၆ နှစ်အတွင်း ယူနိုက်တက်ရဲ့ ပထမဆုံးဆုဖလားဖြစ်တဲ့ ကာရာဘောင်းဖလားဟာ နောက်ထပ် အောင်မြင် မှုတွေအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆာဟာက ထောက်ပြလာပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်တို့မှာလည်း အနေအထားကောင်းက ရှိနေဆဲပါ။ တန်ဟက် လက်ထက် ပထမဆုံးသော ဆုဖလား အောင်မြင်ခြင်းကယူနိုက်တက် အသင်းတွင်းမှာ ရာသီကုန် နောက်ထပ် ဆုဖလားတွေအတွက်ကော ယုံကြည်မှုတွေ တိုးပွှားလာစေနိုင်ပါတယ်။

ဆာဟာကတော့ အခုလို ဆုဖလားတွေ စိန်ခေါ်နိုင်ခြင်းဟာ လူငယ်ကြယ်ပွင့်တွေနဲ့ အရည်အချင်းရှိ ကစားသမားတွေကို ခေါ်ယူရေးမှာလည်း အသုံးဝင်နိုင်တဲ့ စိတ်ဓာတ်ပိုင်း မြှင့်တင်မှုအဖြစ် မြင်နေပါတယ်။ ၎င်းကပဲ လာမယ့် ၂ ရာသီအတွင်း ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဖလား အောင်မြင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံး ၆လအတွင်း အများကြီး ပြောင်းလဲသွားခဲ့တယ်။ အရင်နှစ်တွေတုန်းက သူတို့ပွဲတွေ အများကြီး ကျွန်တော် ကြည့်ခဲ့ပါတယ်။ ကလပ်အတွက် ကျွန်တော် အရှက်ရခဲ့တာပါ။ ဒါပေမယ့် အခုတော့ ကလပ်ကိုကြည့်ပြီး ကျွန်တော် အထင်ကြီးနေရတယ်။

အခုဆိုရင်မန်ချက်စတာယူနိုက်တက်မှာ ကလပ်ထံ ပြောင်းလာကစားချင်တဲ့ လူငယ်တိုင်းအတွက် စိတ်လှုပ်ရှားစရာ အလားအလာတွေ ရှိနေပါတယ်။

ဖိုင်နယ်ပွဲလက္ခဏာတွေ၊ ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုတွေ၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အရည်အသွေးတွေ အားလုံးက တန်ဟက် လက်အောက် ဒီအသင်းကနေ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တဲ့ အရာပါပဲ။

သူတို့က တစ်ပွဲပြီးတစ်ပွဲ တည်တည်ငြိမ်ငြိမ် ကစားနေတယ်။ ဒီထက်ပိုပြီးတော့တောင် တိုးတက်လာနိုင်သလို ဒီရာသီမှာ တကယ်ကောင်းတဲ့ ခေါ်ယူမှုတချို့ လုပ်ခဲ့တယ်။ အားလုံးကအနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာတွေပါ။

၂၀၀၆မှာ ကျွန်တော်တို့ လိဂ်ဖလား ရခဲ့တုန်းက ၂နှစ် အကြာမှာချန်ပီယံလိဂ်ဖလားအောင်မြင်ဖို့အတွက်အထောက် အကူဖြစ်ခဲ့တာကို မှတ်မိပါသေးတယ်။ အဲ့လို ယုံကြည်မှုထားဖို့ လိုအပ်ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ အဲ့ဒီ့လို အောင်ပွဲ စိတ်ဓာတ်မျိုး ပြန်လည် မွေးဖွားလာတာ မယုံနိုင်စရာပါပဲ ” လို့ ဆာဟာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။