ယူနိုက်တက်အသင်းရဲ့ ညပိုင်းစိတ်ဝင်စားဖွယ်သတင်းများ
RUMOUR : ယူနိုက်တက် ၊ အာဆင်နယ် ၊ ချယ်လ်ဆီးအသင်းများသည် ဆောက်သမ်တန်အသင်း၏ အသက် ၁၉ နှစ်အရွယ်ဘယ်လ်ဂျီယံကွင်းလယ်အဖျက်ကစားသမား Romeo Lavia အားအပြိုင်စိတ်ဝင်စားလျက်ရှိကြသည် ။ ၎င်းအား ဆောက်သမ်တန်က ယမန်နှစ်နွေကမှ စီးတီးအကယ်ဒမီမှ ပေါင် ၁၄ သန်းဖြင့်ဝယ်ယူထားပြီး စီးတီးက လာမည့်နွေမှ အသက်ဝင်မည့် ပေါင်သန်း ၄၀ ဖြင့်ပြန်လည်ခေါ်ယူခွင့်ရှိနေသည် ။
ထို့ကြောင့် ယခုနွေတွင် ဆောက်သမ်တန်က ယင်းအားရောင်းချရန်ဆုံးဖြတ်ခဲ့ပါက ပေါင်သန်း ၄၀ ထက်ပိုမိုမြင့်မားသောကြေးကိုတောင်းဆိုမည်ဖြစ်သည် ။ ၎င်းသည် အသက် ၁၆ နှစ်အရွယ်တွင် KDB ဖလား၌ခြေစွမ်းပြပြီး ပက်ဂွါဒီယိုလာ၏ မျက်စိကျခြင်းကိုခံခဲ့ရပြီးနောက် အန်ဒါလက်ချ်အကယ်ဒမီမှ စီးတီးအကယ်ဒမီသို့ရောက်ရှိလာသူဖြစ်သည် ။
TRANSFER NEWS!နည်းပြအဲရစ်တန်ဟက်ဂ်သည် ဖရန်ကီဒီဂျောင်အား လာမည့်နွေရာသီဈေးကွက်အတွင်းတွင် ခေါ်ယူမည့် ထိပ်တန်းပစ်မှတ်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ထားသည်။တန်ဟက်ဂ်သည် အိမ်ကွင်းအိုးထရက်ဒ်ဖို့ဒ်၌ ဘာစီလိုအားအနိုင်ယူခဲ့ခြင်းသည် ဒီဂျောင်အားစည်းရုံးရာ၌ ကောင်းမွန်သောအချက်တစ်ချက်ဖြစ်လာနိုင်သည်ဟု မျှော်လင့်ထားသည်။
ချန်ပီယံလိဂ်၀င်ခွင့်ရရှိရန်လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေမှု၊ကတ်စီမဲရိုးနှင့်တွဲကစားနိုင်ခြင်းစသည့်အချက်များသည် ဒီဂျောင်အားဆွဲဆောင်နိုင်သည်ဟု မှတ်ယူထားကြောင်း သိရှိရသည်။
OFFICIAL!ယူနိုက်တက်လက်ထောက်နည်းပြ အဲရစ်ရမ်းဆေးသည် ဝေးလ်လက်ရွေးစင်အသင်း၏လက်ထောက်နည်းပြ အဖြစ် ခန့်အပ်ခြင်းခံရ သည်။ သို့သော် ရမ်းဆေးမှာ လက်ရှိယူနိုက်တက်နှင့်အတူ လက်ထောက် ရာထူးအတိုင်း ဆက်လက်ပူးပေါင်း အလုပ်လုပ်မည်ဖြစ် သည်။
OFFICIAL!ပရီးမီးယားလိဂ် ဖေဖော်ဝါရီလ တစ်လတာအကောင်း ဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်း၌ ယူနိုက်တက် နည်းပြ တန်ဟက် က ပါဝင်ခဲ့သည်။