အသင်းဖော်အချင်းချင်းတော့ အထာထားပါဆိုပြီး မာတီနက်ဇ် ကို ပရိသတ်တွေစိုးရိမ်ပြီးပြောဆိုနေကြပါတယ်
မန်ယူအသင်းဂိုးသွင်းပြီဆိုရင် အကြမ်းစားပုံစံနဲ့ အောင်ပွဲခံတဲ့ အသင်းသားတွေထဲမှာမာတီနက်ဇ်ဆိုတဲ့ ငနဲက ထိပ်ဆုံးက ရှိနေမယ်ထင် ပါတယ်။ ပွဲကစားတဲ့နေရာမှာလည်းဘာကိုမှမကြောက်မရွံ့ဘဲနဲ့ ကြမ်းကြမ်း တမ်းတမ်း၊ ခက်ခက်ထန်ထန် ကစားတတ်သလို
အသင်းဂိုးရလို့ အောင်ပွဲခံ ပြန်ပြီဆိုရင်လည်း အားနဲ့ မာန်နဲ့ကို ရဲရင့်ပြတတ်တာအာဂျင်တီးနားသားရဲ့ အမှတ်တံဆိပ် တစ်ခုပါပဲ။ အဲဒီပုံစံကို ယူနိုက်တက်က ဝက်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲမှာ တွေ့ခဲ့ရပြီး သူ့ရဲ့ အကြမ်းစား အောင်ပွဲခံပုံကြောင့်
ဘရာဇီးသားဖရက်ဒ်နဲ့ဗက်ဟော့တို့နှစ်ယောက် ကံကောင် းလို့ဒဏ်ရာအနာတရမဖြစ်ခဲ့တာပါ။ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ပွဲမှာ မန်ယူဟာ နည်းပြ မိုယက်စ်ရဲ့အသင်းကို ပထမပိုင်းဂိုးမရှိသရေကစားခဲ့ရပြီးဒုတိယပိုင်းမှာတော့ ဦးဆောင်ဂိုး ပေးခဲ့ရတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းက
ကိုယ့်ဂိုးကိုယ် ပြန် သွင်းမိတာကြောင့် နည်းပြအဲရစ်တန်ဟတ်ရဲ့အသင်းဟာ အသက်ပြန်ဝင်လာခဲ့ပြီး ပွဲပြီးခါနီးမှာတော့ ဂါနာချိုက ယူနိုက်တက်အတွက် ဂိုးသွင်းပေးခဲ့ ပါတယ်။အဲဒီနောက်ကွင်းလယ်လူ ဖရက်ဒ်က မန်ယူအတွက် အနိုင်သေချာ စေမယ့်သွင်းဂိုးကို
ထပ်သွင်းခဲ့အပြီးမှာတော့ ဘရာဇီးသားဟာ ထောင့်ကန် ဘောအလံတိုင်ဘက်ကိုပြေးထွက်သွားပြီး ဝမ်းလျားထိုး အောင်ပွဲခံခဲ့ပါတယ်။ ဒီလို အောင်ပွဲခံမှုကို အသင်းဖော်တိုက်စစ်မှူး ဗက်ဟော့ကလည်း အတူလိုက်ပြီး လျှော ထိုးရင်းနဲ့ အောင်ပွဲခံခဲ့တာပါ။
အဲဒါကို နောက်ကနေပြီး အရှိန်နဲ့ ပြေးချလာတဲ့ မာတီနက်ဇ်ဟာဝမ်းလျားမထိုးဘဲနဲ့ခြေစုံပစ်ခုန်ဝင်ပြီးလျှောထိုးအောင် ပွဲ ခံခဲ့တာကြောင့် ဗက်ဟော့နဲ့ ဖရက်ဒ်ရဲ့ကြားထဲကိုသူ့ခြေထောက်ကြီးက စုံလိုက်ကြီး ဝင်သွားခဲ့တာပါ။ ဒါပေမဲ့ ကံကောင်းတာက မာတီနက်ဇ်ရဲ့ ခြေ ထောက်တွေဟာ အသင်းဖော် ကစားသမားနှစ်ယောက်ကို
အထိနာစေနိုင်တဲ့ အနေအထားမျိုးမရှိခဲ့ပါဘူး။ ဒါကြောင့် မာတီနက်ဇ်တို့ကတော့ဘယ်သူ့ အတွက်ပဲဖြစ်ဖြစ် လုပ်လိုက်ရင် အကြမ်းစားပဲလို့ ပရိသတ်တွေကလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ‘’မာတီနက်ဇ်က ဖြည်းဖြည်းသက်သာရယ်လို့ မရှိဘူး’’ လို့ပရိသတ်တစ်ယောက်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒုတိယ တစ်ယောက်ကတော့‘’အောင်ပွဲခံတဲ့ နေရာကို လျှောထိုးပြီး ဝင်လိုက် တာကြီးကကွာ’’ လို့ ရေးသားခဲ့ပါတယ်။တတိယ တစ်ယောက်ကတော့ ‘’ကျွန်တော်တို့ ကစားသမားတွေအတွက် သူကခြေနှစ်ချောင်းစလုံး ဝင်လိုက် တာပါ’’ လို့ ရေးခဲ့ပါတယ်။ နောက်ထပ် တစ်ယောက်ကလည်းအဲဒါ အနီ ကတ်ပဲ။ ဒီကောင် ခြေစုံပစ်ဝင်တာ’’ လို့ ရေးခဲ့ပါတယ်။