Manu sports

10)မှတ်အကွာဝေးကနေ သခင်ကြီး ယူနိုက်တက် ကို ထတွန်နေတဲ့ ဂျိုးဂျာလေးတို့ ရဲ့ ပဲ့ကိုင်ရှင်ကြီး ကလော့

(10)မှတ်အကွာဝေးကနေ သခင်ကြီး ယူနိုက်တက် ကို ထတွန်နေတဲ့ ဂျိုးဂျာလေးတို့ ရဲ့ ပဲ့ကိုင်ရှင်ကြီး ကလော့

လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်က သူ့ရဲ့အသင်းအနေနဲ့ လာမယ့်တနင်္ဂနွေနေ့မှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခု ပေးသွားမယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို သတိပေးစကား ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညတုန်းက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်မှာ ဝုလ်ဗ်စ်အသင်းကို ဗာဂျယ် ဗန်ဒိုက်

မိုဟာမက် ဆာလက်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါနိုင်ပွဲကြောင့်လီဗာပူးလ်အသင်းဟာပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်ခြောက်နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း သူတို့ဟာ နည်းပြ အဲရစ် တန်ဟန့်ရဲ့ အသင်းထက်တော့ ၁၀ မှတ် နည်းနေသေးပါတယ်။

လီဗာပူးလ်အသင်းနဲ့မန်ယူအသင်းတို့ဟာ ရာသီအစတွေ့ဆုံစဉ်တုန်းကတော့မန်ယူအသင်းကအိုးထရက်ဖို့ဒ်မှာ ၂-၁ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ယာဂန် ကလော့ပ်က ယခုတစ်ကြိမ် တွေ့ဆုံတဲ့ပွဲမှာ ယူနိုက်တက်အသင်းကို အခုလိုပဲ သတိပေးစကား ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ” အဲ့ဒါက ပုံစံကောင်းရနေတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမယ့်

ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တယ်။ ကျွန်တော်တို့တွေ အသင့်ပြင်ထားဖို့လိုတယ်၊ ပြီးတော့ သူတို့ကို ကြီးမားတဲ့ တိုက်ပွဲတစ်ခုကျွန်တော်တို့ပေးရမယ်လို့ဆိုခဲ့ပါတယ်။ဆက်လက်၍ ဝုလ်ဗ်နဲ့ နိုင်ပွဲအပေါ် ကလော့ပ်က ” ကျွန်တော်တို့တွေ များများစားစားဖန်တီးနိုင်ခဲ့ခြင်းမရှိပဲ ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်တို့တွေ စည်းချက်ပြန်ရှာတွေ့ခဲ့ပါတယ် ”

ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ အနည်းငယ်လေးရှုပ်ထွေးတဲ့ ပုံစံတစ်ခုနဲ့ စတင်ခဲ့တယ်၊ နောက်တော့ ခွင့်ပြုခြင်းမခံရတဲ့ အရမ်းမိုက်တဲ့ ဂိုးတစ်ဂိုးကို သွင်းနိုင်ခဲ့တယ်။ အဲ့ဒီလိုမျိုးဖြစ်ပြီဆိုရင် ကျွန်တော်တို့ မကြာခဏဖြစ်လေ့ရှိတာက ၀-၀ ဒါမှမဟုတ် နောက်ကျသွင်းဂိုးတစ်ဂိုးနဲ့ ရှုံးတာပါပဲ၊ ဒါပေမယ့် ဒီနေ့မှာတော့ ကောင်လေးတွေက နိုင်ပွဲ အရမ်းလိုချင်ခဲ့တယ် ” လို့ ဆိုခဲ့ပါတယ်။Crd