ကာလရှည်အရံခုံရောက်နေတဲ့ တပည့်ကျော်တစ်ဦးကို ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ရှိနေတဲ့နည်းပြ တန်ဟက်ဂ်
ကာရာဘောင်ဖလား ဖိုင်နယ်မတိုင်ခင်မှာ မက်ဂွိုင်ယားပြောခဲ့တဲ့ အင်တာဗျူးက တန်ဟတ်အသည်းကို ခြွေသွားပုံရပါတယ်။ နည်းပြဟာ သူ့ကိုခေါက်ထားတာမဟုတ်ဘဲ နည်းစနစ်ပိုင်းအရ လိုအပ်လို့ မသုံးတာလို့ပြောခဲ့တဲ့အဖြေကို တန်ဟတ်တယောက်အတော်လေး အကြိုက်တွေ့သွားပုံရပါတယ်။
မက်ဂွိုင်းယားအတွက် အကောင်းဆုံးဖြစ်စေမယ့် နေရာအမှန်ကို စဉ်းစားနေပြီး၊ ဝက်စ်ဟမ်းကို ရင်ဆိုင်မယ့် အက်ဖ်အေပွဲမှာစတင်စမ်းသုံးခဲ့ပါတယ်။ ဗဟိုခံစစ်နှစ်ယောက်တန်းမှာ မက်ဂွဲယားကို ညာခြမ်းထွက်ကစားစေခဲ့ကာ လင်ဒီလော့ဖ်ကို ဘယ်ဘက်ပို့ခဲ့ပါတယ်။
ဘာမှမထူးဆန်းဘူးလို့ ထင်ရပေမဲ့ ဘောလုံးနည်းစနစ်ပိုင်းမှာတော့ အများကြီး သက်ရောက်မှုရှိပါတယ်။ မက်ဂွိုင်းယားက ညာသန်မလို့ ညာဘက်မှာ ထွက်ကစားတာဟာ ခါတိုင်း လုခ်ရှောနဲ့အတူ တွဲကစားရတဲ့ ဘယ်ခြမ်းမှာ ကစားရတာထက် အများကြီး ပိုကောင်းခဲ့ပါတယ်။
တကယ်လည်း ဝက်စ်ဟမ်းနဲ့ပွဲမှာ မက်ဂွိုင်ယားခြေစွမ်းပြခဲ့ကာ နေရာပြောင်းကစားရတဲ့ လင်ဒီလော့ဖ်ပဲ အသားမကျတဲ့ပုံစံကို ဖြစ်ခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ အားသာချက်ဖြစ်တဲ့ ball playing စတိုင်လ်က တိုက်စစ်ဆင်နေမှ ပေါ်လွင်တာမလို့ မာတီနက်ဇ်ဝင်လာချိန်မှာ တိုက်စစ်က အလုပ်ဖြစ်လာပါတယ်။
ဒီအကြောင်းကို တန်ဟတ်က ” အခုကစားတာက ကျွန်တော့်နည်းလမ်းနဲ့ ကစားတာပါ။ ပြောရရင် ကျွန်တော်တို့လက်ရှိကစားနေတဲ့ပုံစံပေါ့။ အဲဒါက ပိုကောင်းစေပါတယ်။ တိုက်စစ်စဖို့ ဘောလုံးကို ခပ်မြန်မြန်စပေးနိုင်တဲ့ ဘောလုံးသမားတွေကို ကျွန်တော်က ညာဘက်မှာထားပါတယ်”
ဘယ်သန် ကစားသမားဖြစ်နေရင် ဘယ်ခြမ်းမှာ ကစားတာက ပိုကောင်းတဲ့ရှုထောင့်တွေရစေပါတယ်။ ဟယ်ရီမက်ဂွိုင်းယားက ဘယ်ခြမ်းမှာ ကစားနိုင်သူပါ။ ဒါပေမဲ့ တကယ်တမ်းမှာ သူ့အတွက် ညာခြမ်းကစားတာက ပိုကောင်းတဲ့ ခြေစွမ်းကိုရစေပါတယ်။ဒီနေ့မှာတော့ ခင်ဗျားတို့မြင်တဲ့အတိုင်းပါပဲ”
သူ ခြေစွမ်းပြခဲ့တယ်။ ဘောလုံးရှိရှိ မရှိရှိ သူ့ဘက်ကပဲ တိုက်စစ်စဖို့ ကြိုးစားတယ်။ ခံစစ်မှာလည်း ပြိုင်ဘက်တွေကို အကောင်းဆုံး ပြိုလဲစေခဲ့တယ်။တိုက်စစ်ပိုင်းမှာလည်း တကယ်ကောင်းတဲ့ အခိုက် အတန့်တွေရှိခဲ့တယ်။ ဘောလုံးပေးတာတွေလန်းတယ်”
ပြိုင်ဘက်တွေကို ရင်ဆိုင်တာမှာ ပုံစံကောင်းကောင်းနဲ့ ဟန့်တားနိုင်တယ်။ ပြိုင်ဘက်တိုက်စစ်ထက် ပိုကောင်းခဲ့တယ်။ သူတကယ် ကောင်းတဲ့ပွဲဖြစ်ခဲ့တယ်။ ဒီလိုဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လိုကူညီခဲ့လဲဆိုရင် ထရိန်နင်မှာ ကျွန်တော်တို့က နည်းစနစ်ပေးခဲ့ရုံပါပဲ”လို့ မီထရို သတင်းဌာနဲ့ အင်တာဗျူးမှာပြောခဲ့ပါတယ်။
ဒီအတိုင်းဆိုရင် တန်ဟတ်ဟာ မက်ဂွိုင်းယားကို ဗာရန်းနဲ့ ပွဲထွက်ခွင့်ရအောင် အပြိုင်လုခိုင်းတဲ့သဘောပါပဲ။ လက်ရှိမန်ယူမှာ ညာခြမ်းခံစစ်က လုံးဝလန်ထွက်နေပြီမလို့ လင်ဒီလော့ဖ်အလုပ်မဖြစ်မှ ကစားသမားသစ်ခေါ်ရဖို့ရှိနေပါတယ်။ ကစားသမားတွေရဲ့အကောင်းဆုံး ပုံစံကို ထုတ်ယူတဲ့နေရာမှာတော့ တန်ဟတ်က မန်ယူမှာ တော်တော်လေး ဆရာကျနေတယ်လို့လည်း ဆိုနိုင်ပါတယ်။