ပွဲပန်းတယ်ဆိုတဲ့ ဆင်ခြေကို ဘယ်တော့မှပေးမှာမဟုပ်ဘူးဆိုတဲ့ ဘရူနို ဖာနန်ဒက်စ်(အနားယူဖို့တော့လိုအပ်ပါတယ်)
တကယ်တော့ဒီကာလတွေမှာဘရူနိုအတွက် တ ကယ်မလွယ်တဲ့ကာလတွေပါ။ အသင်းရဲ့ခေါင်း ဆောင်နေရာကနေ အသင်းတွက် ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းအမြင့်ဆုံးအခြေနေထိ စွမ်းဆောင်ပြ သထားနိုင်တဲ့ ကစားသမားတယောက်လဲဖြစ်ပါတယ်။
ငါပွဲပန်းတယ်ဆိုတာမရှိဘူး၊ ငယ်ငယ်တုန်းကဆို တရက်မှာ ၃ ပွဲလောက်ကစားတာ ” ဆိုတဲ့ဘရုနိုရဲ့အင်တာဗျူးမှာပြောတဲ့စကားက နည်းပြတန်ဟတ် အကြိုက်ဖြစ်နေပါလေရော။
ဘယ်ကစားသမားမဆိုအနားယူဖို့လိုအပ်ပါတယ်။ ဘောလုံးကစားတဲ့သူတွေထဲမှာတချို့ဆိုသိပါလိမ့် မယ်။ ကျနော့်အနေနဲ့သုံးနူန်းပြီးပြောရရင် ကွင်းထဲတချို့အချိန်တွေမှာအမောဖြေတာပါ။ဥပမာအသင်းကနိုင်ထားတဲ့အခါမှာကစား ကွက်အသာကြီးရယူထားနိုင်တဲ့အခါမျိုးတွေမှာကစားသ မားတော်တော်များများလုပ်လေ့လုပ်ထရှိပါတလက်မြှောက် ဘောအချိန်ဆွဲတာ၊ ကိုယ့်ဆီဘောလုံး မရောက်နိင်တဲ့အနေထားတွေ၊ပေးလို့မရတဲ့ပုံစံလုပ်ပြီးလိုက်မကစားတာ တခြားပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒါကအသင်းတွက်ခိုကပ်ပြီးကစားတာမျိုးမဟုတ်ဘဲ အမှန်တကယ်နားရမယ့်အခါမျိုးတွေဆိုရင်လိုအပ်လို့လုပ်ရတာမျိုးတွေပါ။
ဘရုနိုကတော့ တောက်လျှောက်ပွဲတွေဆက်တိုင်းက စားရသလိုသူ့ပုံစံကလဲဒီနောက်ပိုင်းပွဲတွေမှာပင်ပန်းနေတာ အတော်လေးသိသာပါတယ်။ ဒါပေမယ့် ဘရိုနိုကတော့ မခိုမကပျဘဲအမွဲတမျးသူနိုင်သလောကျပွဲချိန်ပြည့်အကောင်းဆုံးကစားတာက လေးစားစရာပါ။
အဲရစ်ဆန်မကစားနိုင်တဲ့အခြေနေမှာဘရုနိုကတော့ ဒီနေရာဟိုနေရာဆိုပြီးသတ်မှတ်ချက်မရှိ တိုက်စစ် ကွင်းလယ်၊ ခံစစ်နေရာအကုန်သူရောက်ပါတယ်။ရက်ရှ်ဖို့ဒ်ကိုဂိုးဖန်တီးတဲ့ပုံစံတွေဆိုရင် သူကွင်းလယ်ကျော်ကျော်လောက်ကဖန်တီးပေးတာတွေများပါတယ်။
အနားယူဖို့မလိုအပ်ဘူးကစားသမားကဖိုင်းတယ်ဆိုပေမယ့် ပွဲပန်းဒဏ်တွေကြောင့် သို့ ပြိုင်ဖက်ကစား သမားတွေရဲ့လူချကစားမူကြောင့် ဒဏ်ရာကြီးကြီး ကျယ်ကျယ်ဖြစ်သွားမှာစိုးရိမ်မိတာတော့အမှန်ပါ။
ယေဘုယျှအားဖြင့် အဲရစ်ဆန်မပါလို့ရတယ်။ ကာစီမပါပဲရှေ့မှာသုံးပွဲ ကစားပြီးရမှတ်စုထားနိုင်တယ်။ ဘရုနိုမပါဘဲကတော့ ဒီအသင်းရှေ့ဆက်ဖို့အဆင် မပြေနိုင်ဘူးဆိုတာ ကျနော်တို့သတိထားမိကြဖို့လိုပါတယ်။ တယောက်ကောင်းကစားနေတာမဟုတ်ပေမယ့် ယူနိုက်တက်ရဲ့လက်ရှိကစားရတဲ့အခြေနေက ဘရုနိုမပါပဲနဲ့ကိုမပြီးလို့ပါ။ အကောင်းဆုံးကတော့ ကာစီ၊ ဘရုနိုပါရင်အကောင်းဆုံးပါပဲ။