Manu sports

ယူနိုက်တက် တိုက်စစ်ကိုတားဆီးဖို့ ခဲရင်းတဲ့အချက်တွေရှိနေတာနဲ့ ပက်သက်ပြီး အသင်းဖော်တွေ ကို သတိပေးလိုက်တဲ့ အာနိုး

ယူနိုက်တက် တိုက်စစ်ကိုတားဆီးဖို့ ခဲရင်းတဲ့အချက်တွေရှိနေတာနဲ့ ပက်သက်ပြီး အသင်းဖော်တွေ ကို သတိပေးလိုက်တဲ့ အာနိုး

လာမယ့် စူပါဆန်းဒေးမှာတော့ လီဗာပူးလ်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ အန်ဖီးလ်မှာ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ဒီရာသီအနေအထားအရ လီဗာပူးလ်က အတော်လေး ရုန်းကန်နေရပြီး မန်ယူနိုက်တက်ကတော့ တန်ဟတ်လက်အောက်မှာ ပြိုင်ပွဲစုံ နိုင်ပွဲဆက်နေတာဖြစ်ပါတယ်။

အထူးသဖြင့် မန်ယူနိုက်တက် တိုက်စစ်မှုး ရက်ဖိုဒ့်က တန်ဟတ်လက်အောက်မှာ ပြန်လည်ထွက်တောက်လာခဲ့ပြီး သရဲနီတို့နိုင်ပွဲတွေအတွက် အဓိက သွင်းဂိုးတွေ တောက်လျောက် သွင်းယူပေးနေတာ ဖြစ်ပါတယ်။ဒါကြောင့် ရက်ဖိုဒ့်ကို ရပ်တန့်ဖို့က လီဗာပူးလ်အတွက် အဓိက တာဝန်တစ်ရပ်ဖြစ်လာပါလိမ့်မယ်။ အဆိုပါ တာဝန်ကိုတော့ အင်္ဂလန်အသင်းဖော်က ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ရပ်ဖိုဒ့်ကို ရပ်တန့်ဖို့က တဦးချင်းတယောက်ချင်းမဟုတ်ပဲ အသင်းလိုက်စုစည်းမှုနဲ့ ရပ်တန့်သွားမယ်လို့ အာနိုးက သတိပေးလိုက်ပါတယ်

အာနိုးက “တစ်ခုတည်းသော အပြောင်းအလဲ ကတော့ ရပ်ဖို့ဒ်ဟာ ဒီရာသီမှာ ဂိုးတွေ အများကြီး သွင်းယူနေတာပါပဲ။ ဒါပေမယ့် သူဟာ အရင်တုန်းကလည်း ပြိုင်ဘက်ကို အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ”

လာမည့် တနင်္ဂနွေနေ့မှာ သူဟာ ကျနော်တို့ကို တကယ် ခြိမ်းခြောက်နိုင်မယ် ဆိုတာ သေချာပါတယ်။ ဒါဟာ ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ဒါဟာ ကျနော် တအားကန်ချင်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ စမ်းသပ်မှု ဖြစ်လာမှာပါ။ ”

ရပ်ဖို့ဒ်ကိုရပ်တန့်ဖို့လည်းခက်ခဲမှာပါ။ သူ့ဆီမှာ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ လက်နက်တွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် သူ့ကို တားဆီးဖို့ ဆိုတာ အသင်းလိုက် စုစည်းမှုနဲ့ လုပ်မှ ရမှာပါ။ ”

တစ်ဦးချင်း တားဆီးဖို့ ကတော့ မဖြစ်နိုင်ပါဘူး။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ ရပ်ဖို့ဒ် တစ်ဦးတည်းကို မှီခိုနေတာ မဟုတ်ပါဘူး။ ဒါဟာ အသင်းလိုက် လုပ်ဆောင်ရတဲ့ အရာပါ။ တနင်္ဂနွေနေ့မှာ အသင်း အနိုင်ရဖို့ကသာ အရေးကြီးဆုံးပါပဲ။” လို့ ဆိုလိုက်ပါတယ်။

မန်ယူနိုက်တက်နဲ့ ပက်သက်ပြီး လီဗာပူး နောက်ခံလူက “သူတို့ဟာ အကောင်းဆုံး ကစားနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ ကစားရတဲ့ပွဲဟာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။မန်ယူနိုက်တက်vs လီဗာပူး ပွဲစဉ်ဟာ အမြဲတမ်းကို ခက်ခဲပါတယ်။ သူတို့ဟာ အမြဲတမ်း အသင်းကောင်း ဖြစ်ပြီး ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဒါဟာ လွယ်ကူတဲ့ပွဲ ဘယ်တော့မှ ဖြစ်မလာပါဘူး။ တနင်္ဂနွေနေ့မှာလည်း ဒီအတိုင်းပါပဲ။”

ကျနော်တို့အတွက်ကတော့ရမှတ်တွေတက်နိုင်သမစုဆောင်း ထားဖို့ လိုပါတယ်။ ဒါဟာ လာမည့် ဧပြီ မေလတွေမှာ အရေးပါလာမှာပါ။ ယူနိုက်တက်နဲ့ ပွဲမှာ ၃ မှတ် ရခဲမ့ယ်ဆိုရင်တော့ဒါဟာ ကျနော်တို့ ရည်မှန်းချက်ကို အကူအညီ ဖြစ်စေမှာပါ။” လို့ ဆိုလိုက်ပါတယ်။