Manu sports

ယူနိုက်တက်အတွက်လီဗာပူးအသင်းရဲ့အားနည်း ချက်တွေကို ဖော်ထုတ် ထောက်ပြတဲ့ ဂယ်ရီ နဗီး

ယူနိုက်တက်အတွက်လီဗာပူးအသင်းရဲ့အားနည်း ချက်တွေကို ဖော်ထုတ် ထောက်ပြတဲ့ ဂယ်ရီ နဗီး

မန်ယူနိုက်တက်ဟာဒီတစ်ပတ်အန်ဖီးမှာကစားမယ့်ပွဲအတွင်း လီဗာပူးခံစစ်ကို ပစ်မှတ်ထားရလိမ့်မယ်လို့ ကလပ် ဂန္တဝင် ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံး၄ပွဲမှာ ၃ပွဲ အနိုင်ရထားပါတယ်။ ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီ နောက်တန်းမှာ အားနည်းနေပုံပေါ်ခဲ့ပြီး သူတို့ရဲ့ ခံစစ်ဟာ ယူနိုက်တက်တို့ အမြတ်ထုတ်ချင်နေမယ့်အရာ ဖြစ်တယ်လို့ နဗီးက ထင်မြင်နေပါတယ်။

ဒီပွဲမှာ ရက်ဖိုဒ့် ဦးဆောင်တဲ့ တိုက်စစ် ပစ်မှတ်ထားရမယ့် လီဗာပူး ကစားသမား က ထရန့်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ ဘယ်တောင်ပံကနေ အာနိုးကို ဒုက္ခပေးဖို့ ယုံကြည်မှုရှိနေလိမ့်မယ်လို့ နဗီးက ဆိုပါတယ်။

သူတို့ထရန့်ကို ပစ်မှတ်ထားကြလိမ့်မယ်။ လုခ်ရှောနဲ့အတူ ရက်ဖို့ဒ်က ဘယ်ခြမ်းမှာ ကစားတာပါ။ ယူနိုက်တက်ရဲ့ ဘယ်တောင်ပံတိုက်စစ်က သိပ်ကောင်းတယ်။ ရက်ဖို့ဒ်ကမယုံနိုင်စရာခြေစွမ်းပြသနေပြီးဒီအခွင့်အရေးကိုသဘောကျနေမှာပါ။

ယူနိုက်တက်ဟာ ထရန့်အပြင် လီဗာပူးရဲ့ နောက်တန်း လေးယောက်လုံးကို ပစ်မှတ်ထားမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က တစ်ရာသီလုံး ခံစစ်ပိုင်း အားနည်းချက်တွေကို ပြသခဲ့တာပါ။ ယူနိုက်တက်က သူတို့ကို ထိုးနှက်နိုင်မယ်လို့ ယုံကြည်နေလိမ့်မယ်လို့ နဗီးက မှတ်ချက်ပေးခဲ့တယ်။

ထရန့်ဟာ ၂၀၁၆-၁၇ ရာသီမှာ မျိုးဆက်သစ် ပါရမီရှင်တစ်ယောက်အနေနဲ့ပေါ်ထွက်လာခဲ့ပြီးကလော့ပ်လက်ထက် လီဗာပူး အသင်းရဲ့ ပထမဦးစားပေး ညာနောက်ခံလူ မြန်မြန်ဖြစ်လာတယ်။ သူဟာ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဖလားနဲ့ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုတွေမှာ အရေးပါခဲ့တာပါ။

ဒါပေမယ့်ဒီနောက်ပိုင်းသူ့ရဲ့ခံစစ် ကစားပုံက မေးခွန်းထုတ်ခံခဲ့ရပါတယ်။ ထရန့်ရဲ့ တိုက်စစ်အရည်အသွေးနဲ့ ပေးပို့မှုတွေက သံသယဖြစ်စရာ မရှိပေမယ့် ခုခံကာကွယ်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု ကင်းမဲ့ခြင်းဟာ သူ့ကို ဒုက္ခပေးလိမ့်မယ်လို့ နဗီးက သတိပေးခဲ့ပါတယ်။

ညာနောက်တန်းကနေ ထရန့် လုပ်သလို ဘောလုံးကန်နိုင်တဲ့သူမျိုး ကျွန်တော် မတွေ့ဖူးခဲ့ပါဘူ။ ဒါပေမယ့် သူ့အနေနဲ့ ခံစစ်တာဝန်တွေကို အလျင်မီအေင် မလုပ်နိုင်ရင် ပြဿနာတက်လိမ့်မယ်လို့ ကျွန်တော် အမြဲခံစားခဲ့ရတယ်။ အဲ့အခိုက်အတန့်က ရောက်လာခဲ့ပါပြီ ” လို့ နဗီးက ဆိုပါတယ်။