လီဗာပူးလ် နဲ့ ကန်မယ့်ပွဲနီးကပ်နေသော်လည်း ဖိအားမရှိပဲ ဟန်နီနဲ့ဒိတ်ပြီးလျောက်သွားနေတဲ့ Tank ကြီး ကက်စမဲရိုး
လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူထဲက တစ်ဦးဖြစ်တဲ့ ကတ်စမဲရိုးဟာ မိသားစုကို အလေးပေးသူပါ။ ပုံတင်လိုက်တိုင်း မိသားစုနဲ့ပဲ အချိန်ဖြုန်းနေလို့ မိန်းမကြောက်ရသူလို့ စနောက်နေကြပေမဲ့ တကယ်တမ်းမှာ ကတ်စမဲရိုးက မိသားစုကို တန်ဖိုးထားတာဖြစ်ပါတယ်။
အခုလည်း တနင်္ဂနွေနေ့ လီဗာပူးနဲ့ ပွဲကြီးပွဲကောင်းကန်ရဖို့ရှိပေမဲ့ သောကြာနေ့ နေ့လည်မှာ မိန်းမနဲ့ ကော်ဖီထွက်သောက်နေပါတယ်။ ကတ်စမဲရိုးကို တွေ့လိုက်တဲ့နေရာက ချက်ရှိုင်းယား၊ အယ်ဒါလေအက်ချ် ဆိုတဲ့ဒေသမှာဖြစ်လို့ လီဗာပူးနဲ့မန်ချက်စတာမြို့နဲ့ ကြားထဲက ခပ်လှမ်းလှမ်းကိုရောက်နေတာပါ။
ဒါဟာ ပွဲကစားဖို့ တစ်ရက်အလိုမှာ မန်ချက်စတာမြို့မှာမရှိတာဖြစ်လို့ ပရိသတ်တွေက စိုးရိမ်နေပါတယ်။ ကတ်စမဲရိုးတစ်ယောက် မပါနိုင်ရင်ဆိုပြီး တွေးပူးနေကြတာ ဖြစ်ပေမဲ့ ကတ်စမဲရိုးပုံစံကြည့်ရတာ စိတ်အေးလက်အေးနဲ့ မိန်းမနဲ့ ကော်ဖီဒိတ်နေပုံရပါတယ်။
နှစ်ယောက်သား ကော်ဖီလာသောက်ပြီးမှ ပေါင်(၂)သိန်းတန် ကားအကောင်းစားကြီးနဲ့ ပြန်သွားတာဖြစ်လို့ တမင်ကိုမိန်းမကိုအချိန်ပေးတာလို့ယူဆရပါတယ်။ ပွဲကြီးပွဲ ကောင်းကန်ဖို့ တစ်ရက်အလိုမှာ အခုလိုမျိုး ကော်ဖီဒိတ်နိုင်တာက တော်ရုံယုံကြည်မှုနဲ့မရပါဘူး။
ပရိသတ်တွေကတော့ မိန်းမကို ချစ်တတ်လွန်းတဲ့ ကတ်စမဲရိုးရဲ့လုပ်ရပ်ကိုအင်မတန်သဘောကျနေပြီး၊ အကောင်းမြင်မှတ်ချက်တွေ ပေးနေပါတယ်။ ကတ်စမဲရိုးဟာ ဒီရာသီမှာ မန်ယူအတွက် (၁၇)ပွဲပဲ ကစားထားပေမဲ့ ခြေစွမ်းကတော့ အကောင်းဆုံးထဲပါတဲ့အထိကို ခြေစွာနေပါတယ်။
သုံးရက်တစ်ပွဲကစားရတာတောင် ကြံ့ခိုင်မှုကလည်း ရှယ်ဖြစ်နေလို့ဒဏ်ရာရမှာကိုတောင်စိုးရိမ်စရာမလိုတဲ့အနေ အထားဖြစ်နေတာပါ။ တန်ဟတ်ဟာ ဘရားဇီးသား ကတ်စမဲရိုးရဲ့ ဖလားလိုချင်စိတ်ကို အထူးသဘောကျနေပြီး၊ ကမ္ဘာ့အဆင့်ကစားသမားအဖြစ် မီဒီယာတွေထက်မှာ ဝေဝေဆာဆာချီးကျူးထားပါတယ်။