Manu sports

အသင်း ရဲ့ ကြယ်ပွင့်ကစားသမား ဒီဂျောင်း ကို ယူနိုက်တက်ထံမဖြစ်မနေရောင်းချရမယ့်အရေးနဲ့ ကြုံတွေနေရတဲ့ ဘာစီလိုနာအသင်း

အသင်း ရဲ့ ကြယ်ပွင့်ကစားသမား ဒီဂျောင်း ကို ယူနိုက်တက်ထံမဖြစ်မနေရောင်းချရမယ့်အရေးနဲ့ ကြုံတွေနေရတဲ့ ဘာစီလိုနာအသင်း

မန်ယူနိုက်တဒ်အသင်းဟာ ဖရန်ကီဒီဂျောင် အပြောင်းရွှေ့ကို ဒုတိယအကြိမ် ဝင်ရောက်ရန်ပြင်ဆင်နေပြီး လက်ရှိအချိန်မှာတော့လာလီဂါရဲ့တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ကြောင့် အတော်လေး အကြပ်ရိုက်လျက်ရှိပါတယ်။

ယူနိုက်တဒ် တာဝန်ရှိသူတွေ ဟာ ဘာစီလိုနာ အသင်းရဲ့ အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးလာမယ့်နွေရာသီအပြောင်းရွှေ့မှာ ဖရန်ကီဒီဂျောင် ကို ခေါ်ယူသွားနိုင်ဖို့ ကြိုးစားလျက် ရှိကြပါတယ်။

တန်ဟဂ် ကိုယ်တိုင်ကလည်း ဒီဂျောင် ဟာ အသင်းရဲ့ နံပတ်(၁) ဦးစားပေးကစားသမားအဖြစ် သတ်မှတ်ထားပြီး လာမယ့်နွေမှာ အရခေါ်ယူပေးဖို့ တောင်းဆိုထားပါတယ်။

ဘာစီလိုနာအသင်းဟာ ငွေကြေးပြသနာတွေကြောင့် လာလီဂါရဲ့ အပြောင်းရွှေ့တားမြစ်မှုနဲ့ ကြုံတွေ့နေရကြောင်း ဥက္ကဌ ဂျာဗီးယာတီးဘက်စ် က အတည်ပြုခဲ့ပါတယ်။

တီးဘက်စ်ကဘာစီလိုနာ အနေနဲ့ ပြီးခဲ့တဲ့ဆောင်းဈေးကွက်မှာအပြောင်းရွှေ့မပြုလုပ်နိုင်ခဲ့တာက ကျွန်တော်တို့တားဆီးခဲ့တာကြောင့်ပါ သူတို့အနေနဲ့ ပြသနာတချို့ကို ပြေလည်အောင်မဖြေရှင်းနိုင်ရင်လာမယ့်နွေမှာလည်း အပြောင်းရွှေ့ပြုလုပ်ခွင့် ရမှာ မဟုတ်ဘူးလို့”ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။

သတင်းတွေအရ ဘာစီလိုနာ အသင်းဟာ လာမယ့်ရာသီမှာ ကစားသမားအပြောင်းရွှေ့ပြုလုပ်ရန်အတွက် ယူရိုသန်း(၁၇၀)ကျော် ရှာဖွေရန်လိုအပ်ပြီး ရှာဖွေနိုင်ခြင်းမရှိခဲ့ရင် အပြောင်းရွှေ့ပိတ်ခံရမယ့်အပြင် အမှတ်လျှော့ ပြစ်ဒဏ်လည်း ချမှတ်ခံရဖွယ်ရှိပါတယ်။

ဘာစီလိုနာအတွက်ဂါဗီအပါဝင် စာချုပ်သစ် တိုးချုပ်ထားတဲ့ ကစားသမားတချို့ဟာ လက်ရှိရာသီကို နားလည်မှုနဲ့ စာချုပ်ဟောင်းဖြင့်သာ ကစားနေကြတာဖြစ်ပြီး လာမယ့်နွေမှာတော့ လာလီဂါအဖွဲ့စည်းနဲ့ ပြသနာတွေ မပြေလည်ခဲ့ရင် စာချူပ်သစ်တွေ ကို ပလပ်ခံရဖွယ်ရှိလို့ အကျပ်တည်းတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာအသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ရေးသာမက ရှိရင်းစွဲ ကစားသမားတွေကိုပါလက်မလွှတ်စေရရေးနဲ့ အမှတ်လျှော့ပြစ်ဒဏ်ကို ရှောင်နိုင်ရေး အတွက် ကစားသမားတချို့ကို ရောင်းချသွားလိုတာ ဖြစ်ပြီး ထိုအထဲမှာ ဖရန်ကီဒီဂျောင် က ထိပ်ဆုံးကပါဝင်လျက်ရှိပါတယ်။ဒီဂျောင် ကလည်း ကတ်စမဲရိုး နဲ့ တွဲကစားရမယ့်အရေးကို စောင့်ကြည့်နေပြီး ယူနိုက်တဒ်ကသာလာမယ့်နွေမှာ နောက်တစ်ကြိမ်ပြန်လည်ကမ်းလှမ်းခဲ့ရင် လက်ခံသွားဖို့အသင့်ရှိနေပြီလို့သိရပါတယ်။