Manu sports

လီဗာပူးလ်ရုန်းကန်နေရတာနဲ့ပတ်သက်ပြီး သူ့ကိုလာစားနေတဲ့ သတင်းထောက်တွေ ကို ဒေါသတကြီး တုံ့ပြန်လိုက်တဲ့ တန်ဟတ်ဂ်

လီဗာပူးလ်ရုန်းကန်နေရတာနဲ့ပတ်သက်ပြီး သူ့ကိုလာစားနေတဲ့ သတင်းထောက်တွေ ကို ဒေါသတကြီး တုံ့ပြန်လိုက်တဲ့ တန်ဟတ်ဂ်

လာမယ့် စူပါဆန်းဒေးမှာတော့ မန်ယူနိုက်တက်အသင်းနဲ့ အဓိကပြိုင်ဘက် လီဗာပူးလ်အသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် အန်ဖီးလ်မှာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်ဟာ အရင်ရာသီတွေကနဲ့တော့ အတော်လေး ကွဲပြားခြားနားနေပါတယ်ဒီရာသီမှာတော့ပြောင်းပြန်အနေ အထားဖြစ်နေပြီး မန်ယူက ပုံစံကောင်းပြနေသလို လီဗာပူးလ်ကတော့အတော်လေး ရုန်းကန်နေရတာ ဖြစ်ပါတယ်။

အန်ဖီးမှာကစားရမယ့် ပွဲကြီးပွဲကောင်း မတိုင်မီ ဒီနှစ်သင်းကြား ရမှတ်ကွာဟမှု ၁၀ မှတ် ရှိနေကာ ယူနိုက်တက်ဟာပြီးခဲ့တဲ့အပတ်က ကာရာဘောင်ဖလား အောင်ပွဲနဲ့အတူ တောက်ပနေတဲ့ အသင်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပုံစံကောင်း ပြသကာ တစ်ရာသီအတွင်း ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ဆက်လက် တည်ရှိနေပေမယ့်လည်း လီဗာပူးကတော့ ပြည်တွင်းရှုံးထွက်ပြိုင်ပွဲတွေမှာ ထွက်ထားခဲ့ရတဲ့ အပြင် ချန်ပီယံလိဂ်မှာလည်း ရီးရဲယ်ကို ၅-၂ နဲ့ ရှုံးထားခဲ့တာကြောင့် ဒီပြိုင်ပွဲကို နှုတ်ဆက်ရန် သေချာသလောက် ဖြစ်နေပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟတ်ကတော့ လီဗာပူးလ်ကို ရင်ဆိုင်ရဖို့ ကစားသမားတွေအနေနဲ့ အသင်းဖြစ်နေပြီလို့ ကြုံံးဝါးခဲ့ပါတယ်။

တန်ဟတ်က ‘ လီဗာပူးလ်နဲ့ ကန်ရမယ့်ပွဲစဉ်က တကယ့်ကို လက်တွေ့စမ်းသပ်ခန်းတခုလိုပါပဲဒါပေမယ့် ကျွန်တော်တို့ကဒီလိုပွဲမျိုးကိုပဲ စောင့်နေခဲ့တာပါ။ပြီးတော့ ကျွန်တော့ကစားသမားတွေအားလုံးကလည်းဒီပွဲအတွက် အဆင်သင့်ဖြစ်နေကြပြီဆိုတာ ကျွန်တော် သိတယ်။”

ကျွန်တော်တို့ အန်ဖီးလ်ကို ယုံကြည်ချက် မြင့်မြင့်နဲ့သွားမှာပါ။ ဒါပေမယ့် ဒီပွဲက သေချာပေါက် ခက်ခဲမှာပါ။ ဒါကြောင့် ကျွန်တော်တို့တွေ ခံစားသွားရနိုင်ပါတယ်။အဲဒီလိုမဖြစ်ရအောင်လည်း ကျွန်တော်တို့မှာ ရှိသမျှ အားလုံး ပေးဆပ်သွားရမှာပါ ”လို့ ဆိုပါတယ်။

ဒီရာသီလီဗာပူးလ်ရုန်းကန်နေရတဲ့အပေါ် ခင်ဗျား ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းကိုတော့ တန်ဟတ်က ” ဘယ်လိုမှ မမြင်ပါဘူး ၊ အဲဒါက ငါ့အလုပ်မဟုတ်ဘူး။ ငါ့တာဝန်က မန်ချက်စတာယူနိုက်တက်တသင်းတည်းအတွက်နဲ့ လုံ လောက်နေပြီ။ ငါ့တာဝန်ကို ငါအကောင်းဆုံးလုပ်နေတယ် လို့ ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်ပါတယ်။