ပိုင်ရှင်သစ်ရောက်လာဖို့ ဝေးကွာသွားပြီဖြစ်တဲ့ ယူနိုင်တက်အသင်း
ပိုင်ရှင်သစ်ရောက်လာတော့မယ်လို့ ယုံကြည်နေကြတဲ့ မန်ယူပရိသတ်တွေအတွက် အခုသတင်းက စိတ်အားလျော့စေပါလိမ့်မယ်။ ကာတာသူဌေး အုပ်စုနဲ့ ဗြိတိန်အုပ်စုတို့ဟာ အသီးသီးကမ်းလှမ်းထားတာတောင်မှ ဂလေဇာတို့က တင်းခံနေလို့ပါ။
(၄.၅)ဘီလျံနဲ့ အသီးသီးကမ်းလှမ်းထားတဲ့ ကမ်းလှမ်းချက်တွေကိုလက်ခံစဉ်းစားပေးဖို့မရှိဘဲ မန်ယူကို တကယ်ဝယ်ချင်ရင် အချက်နှစ်ချက်ကို လိုက်လျောပေးရမယ်ဆိုပြီး အကြောင်းပြန်လိုက်ပါတယ်။ အဲဒီ အချက် ၂ ချက်က(၆)ဘီလျံပေးဖို့နဲ့ရာသီမကုန်ခင်ကမ်းလှမ်းဖို့ကို ပါ
ပေါင်(၆)ဘီလျံဆိုတာက ပြောတာသာလွယ်ပေမဲ့ ဒေါ်လာနဲ့တွက်ရင်(၇.၂)ဘီလျံရှိပါတယ်ဒီပမာဏဟာအသားတင် ပေးရမှာဖြစ်လို့ တော်ရုံသူဌေးတွေမျက်လုံးပြူးသွားနိုင်ပါတယ်။ ကာတာအုပ်စုက ပေးနိုင်ရင်တောင်မှ အသင်းကို ပြုပြင်ဦးမှာနဲ့ဆိုရင် (၁၀)ဘီလျံအထက်ကျသွားနိုင်ပါတယ်။
ဒါကြောင့် ဒီပမာဏဆိုရင် ဈေးကွက်တန်ဖိုး (၄.၅)ဘီလျံပဲရှိတဲ့အတွက် အင်မတန်ကို များလွန်းနေပါတယ်။
အဲဒါကိုမှ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)ပွဲပဲကျန်တော့တဲ့အချိန်အတွင်း အပြီးကမ်းလှမ်းရမယ်ဆိုတာက ဝယ်မယ့်သူတွေကို နည်းနည်းလေး အကျပ်ကိုင်ထားသလိုဖြစ်နေပါတယ်။
တကယ်လို့ ဈေးကလည်းအဆင်မပြေသလို ရာသီမကုန်ခင် မကမ်းလှမ်းနိုင်ခဲ့ရင် မန်ယူပရိသတ်တွေဟာ ဂလေဇာနဲ့ပဲဆက်သွားရဖို့ ရှိနေပါတယ်။ လူဝယ်ပေးတဲ့အပိုင်းမှာ ဂလေဇာက စိတ်ချရပေမဲ့ အနာဂတ်မှာ ကွင်းကို အဆင့်မြင့်မယ့်အပိုင်းတွေကျ အားနည်းပါတယ်။
ဒီလိုမမြင်ချင်ရင် ပေါင် (၆)ဘီလျံဈေးကို ရာသီမကုန်ခင် ကမ်းလှမ်းမယ့် သူဌေးပေါ်လာမှ ပိုင်ရှင်အပြောင်းအလဲဖြစ်မှာမလို့ မန်ယူပရိသတ်တွေအနေနဲ့ နည်းနည်းလေး စိတ်လျော့ထားဖို့လိုပါတယ်။
အခုအတိုင်းဆိုရင် ပိုင်ရှင်သစ်တွေက လက်ရှောင်နိုင်ပြီး ဂလေဇာနဲ့ နှစ်ပါးသွားရဖို့ များနေလို့ဖြစ်ပါတယ်။