အသက် ၂၀ အရွယ်နဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့အခွင့်ရေးတွေပိုင်ဆိုင်နေတဲ့ထိုင်းကြယ်ပွင့်လူငယ်ကစား သမား စူပါနန့်
အသက် ( ၂၀ ) အရွယ် ထိုင်း လူငယ်ကြယ်ပွင့် စူပါနန် ( Suphanat Mueanta ) ဒီရာသီ ထိုင်းလိဂ်ဝမ်းပြိုင်ပွဲ ပြီးဆုံးသွားချိန်တွင် ဥရောပမှာ ရာသီကြို ခြေစွမ်းစမ်းသပ်သွားဖို့ရှိတယ်လို့ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Main Stand ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ထိုင်း ယူ – ၂၃ အသင်းဟာ မနေ့တုန်းက Doha Cup 2023 ပြိုင်ပွဲအတွက် ကစားသမားစာရင်းကို ထုတ်ပြန်ရာတွင် စူပါနန်ကို ချန်လှပ်ထားခဲ့ပါတယ်။
ဘူရီရမ် ယူနိုက်တက် ကြယ်ပွင့်ဟာ လက်စတာစီးတီးအသင်းမှာ ဆောင်းရာသီ လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် လုံးဝ ခြေစွမ်းတိုးတက်လာခဲ့ပြီး ထိုင်းလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
ဘူရီရမ် ယူနိုက်တက် ဥက္ကဌ Newin Chidchob ကလည်း သူ့အနေနဲ့ စူပါနန်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပထမဆုံး ထိုင်းဘောလုံးသမားဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။
ဒီနွေရာသီမှာတော့ စူပါနန်ဟာ အသင်းပိုင်ရှင်ရဲ့ စကားကို လက်တွေ့အကောင်အထည်ဖော်ဖို့ပထမဆုံးခြေလှမ်း စတင်တော့မှာဖြစ်ပါတယ်။
ထိုင်း ယူ – ၂၃ နည်းပြ Issara Sritaro ကလည်း မကြာသေးမီကပဲ သူ့အနေနဲ့ ( ၂၀၂၃ ) ကမ္ဘောဒီးယား ဆီးဂိမ်းကို စူပါနန် မပါပဲ ယှဥ်ပြိုင်ရဖို့ အလားအလာများနေကြောင်း ပြောဆိုထားပါတယ်။
2023 (U21)အောက်အာဆီယံလူငယ်ကစားသမားတွေထဲမှာ တန်ကြေးအမြင့်ဆုံးအဖြင့်အဆင့် 1 နေရာမှာရပ်တည်နိုင်ခဲ့တဲ့ ထိုင်းကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာတောက်ပလာနိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာပါ။