Manu sports

ခြေစွမ်းပြနေတဲ့ ယူနိုင်တက်ကြယ်ပွင့် ၃ ဦးကိုလာမယ့်အပြောင်းရွေ့မှာ ခေါ်ယူဖို့အဓိကလုပ်ဆောင်နေတဲ့ ဝက်စ်ဟမ်းအသင်း

ခြေစွမ်းပြနေတဲ့ ယူနိုင်တက်ကြယ်ပွင့် ၃ ဦးကိုလာမယ့်အပြောင်းရွေ့မှာ ခေါ်ယူဖို့အဓိကလုပ်ဆောင်နေတဲ့ ဝက်စ်ဟမ်းအသင်း

ဝက်စ်ဟန်းအသင်းနည်းပြ ဒေးဗစ် မိုရက်စ်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာမန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားသုံးဦးကို ခေါ်ယူသွားဖို့အတွက်စိတ်ဝင်စားနေကြောင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဝက်စ်ဟန်းအသင်း ခေါ်ယူသွားချင်နေတဲ့ ကစားသမားသုံးဦးထဲကပထမတစ်ဦးကတော့ စကော့ မတ်တော်မီနေးဖြစ်ပြီး ယူနိုက်တက်

အကယ်ဒမီထွက်ကစားသမားဟာ ဒီရာသီမှာ ပုံမှန်ပွဲထွက်ကစားချိန်မရရှိနေသလို၊ သူ့ရဲ့ မန်ယူအသင်းနဲ့ အနာဂါတ်ကလည်း မျှော်လင့်ချက်နည်းပါးလျက်ရှိတာ ဖြစ်ပါတယ်။

Football Insider သတင်းဌာနရဲ့ဖော်ပြချက်မှာတော့ ဝက်စ်ဟန်းအသင်းဟာစကော့တလန်လက်ရွေးစင်ကစားသ မားကို အပြောင်းအရွှေ့

ဈေးကွက်ပြန်လည်ဖွင့်တာနဲ့ကမ်းလှမ်းသွားဖို့ရှိနေပြီး၊ဟယ်ရီ မက်ဂွိုင်းယားနဲ့ အန်တိုနီမာစီရယ် တို့ကိုလည်း ခေါ်ယူဖို့အတွက် မျက်စိကျနေတယ်လို့ ဆိုပါတယ်။

မာစီရယ်နဲ့ ပတ်သက်ပြီးကတော့ ယူနိုက်တက်အသင်းဟာဗစ်တာ အိုစီမင် ဒါမှမဟုတ် ဟယ်ရီကိန်းစတဲ့ တိုက်စစ်မှူးအသစ်တစ်ဦးကိုနွေဈေးကွက်မှာဝယ်ဖို့အတွက် ဘတ်ဂျက်ရရန် သေချာပေါက်ရောင်းထုတ်သွားဖွယ်ရှိနေပြီး၊ အသင်းခေါင်းဆောင်မက်ဂွိုင်းယားကလည်းနောက်ရာသီ မန်ယူအသင်းမှာ ဆက်ရှိနိုင်ဖို့ မသေချာတာ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် မိုရက်စ်ဟာ သူ့အသင်းကို အားဖြည့်ဖို့အတွက် အဆိုပါကစားသမားသုံးဦးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ မန်ယူအသင်းဘက်ကတော့အရင်တုန်းက မတ်တော်မီနေးအတွက်ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း

သတ်မှတ်ထားခဲ့ဖူးပြီး၊ ဝက်စ်ဟန်းအသင်းအနေနဲ့ မက်ဂွိုင်းယားနဲ့မာစီရယ်တို့အတွက် ဘယ်လောက် ကုန်ကျနိုင်သလဲတော့ သေချာမသိရတာ ဖြစ်ပါတယ်။