ကစားသမားအပြောင်းလဲတွေရှိလာနိုင်တဲ့ လီဗာပူးလ် နဲ့ ကန်မယ့်ပွဲအတွက် ယူနိုက်တက် ဖြစ်နိုင်ဖွယ် လူစာရင်း
ပဲ့ကိုင်ရှင် အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်း ကတော့ အခုတစ်ပတ်မှာတော့ အင်မတန်မှ အန္တရယ်ရှိတဲ့ အသင်းနဲ ကစားရဘို့. ရှိနေပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်၂၅အဖြစ် လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲ သည် ယူနိုက်တက်အတွက်အရေးပါတဲ့ ပွဲတစ်ပွဲပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဖလား ချန်ပီယံမျှော်လင့်ချက်အတွက် အနိုင်သုံးမှတ်ကို မဖြစ်မနေ ရယူရမယ့် အနေအ ထားတစ်ခုမှာ ရှိနေပါတယ်။ နည်းပြ အဲရစ်တန်ဟတ် ကိုယ်တိုင်ကလည်း လီဗာပူးနဲ့ပွဲမှာ အကောင်းဆုံးပွဲထွက် ကစားသမား စာရင်းနဲ့
အခင်းအကျင်းကို အသုံးပြုလာမှာပါ။ ဂိုးသမားနေရာမှာတော့ အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံးလက်စွမ်းပြနေတဲ့ ဒီဂီယာ ကိုဘဲ ပွဲထုတ်လာမှာပါ။ နောက်တန်း ပိုင်းမှာတော့ လက်ရှိအတွဲအဖက်အမိဆုံး အတွဲအဖြစ် မာတီနက်ဇ် နဲ့ ဗာရာနီတို့ကို
မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ full back တွေမှာတော့ ညာခြမ်း နောက်တန်း မှာ ဒါလော့ ကို အနားပေးပြီး ဗစ်ဆာကာ ကို ပွဲထုတ်လာမှာဖြစ်သလို ဘယ်ခြမ်းမှာ ရှော ရှိနေမှာပါ။ ကွင်းလယ်ပိုင်းမှာတော့ ကက်စမဲရိုး နဲ့အတူ
ဆာဗစ်ဇာ ကို ကွင်းလယ် DM နေရာမှာ အတူတွဲပြီးတော့ ပွဲထုတ်လာဘို့. ရှိနေပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာတော့ကပ္ပတိန်လက်ပတ်ပိုင်ရှင်ဖာနန်ဒက် ကအဆင်သင့်ရှိနေမှာပါ။ တိုက်စစ်ပိုင်းမှာတော့ ဝပ်ဟော့ ကို
အထောင်တိုက်စစ် ကစားသမား အဖြစ် လည်းကောင်း၊ ဘယ် wing မှာ ရကျရျှဖို့ဒျ က ရှိနေပါတယ်။ တိုက်စစ်ရဲ့ ညာ wingမှာတော့ အန်တိုနီကို ပွဲထွက် ကစားသမား စာရင်းမှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ တနဂ်နွေနေ့ည ၁၁ နာရီ မှာ လီဗာပူးအသင်းရဲ့ အိမ်ကွင်း မှာ ကစားသွားမှာပါ။