Manu sports

ယူနိုက်တက်အသင်းရဲ့ နေ့လည်ကင်းအပြောင်းရွေ့သတင်းများ

ယူနိုက်တက်အသင်းရဲ့ နေ့လည်ကင်းအပြောင်းရွေ့သတင်းများ

ယူနိုက်တက်အသင်းက ဂိုးသမား ဒီဂီယာကိုလစာငွေလျှော့ပေးဖြစ်ခဲ့လျှင် တစ်ပတ်လစာငွေ ပေါင်(2)သိန်းခွဲလောက်အထိပေးဖို့ထိုက်တန်မှုရှိကြောင်းမှတ်ယူထားသည်။

အသင်းဘက်က ဒီဂီယာကို လစာငွေလျှော့ပေးဖို့သာအစီအစဥ်ချထားသည်။ သို့ပေမယ့် ဒီဂီယာ ဘက်မှလုံလောက်စွာကစားပေးနိုင်လျှင် အပိုဆုကြေးပေးသွားမည် ပုံစံမျိုးကို ပြုလုပ်မည်ဖြစ် သည်။

စာချုပ်အသစ် ချုပ်ဆိုချိန်တွင်ဒီဂီယာက ရာသီဝက်တွင် ပွဲများစွာ ကစားပေးလျှင် များစွာသောအပိုဆုကြေးဖြင့် လစာငွေမျိုးကို လက်ခံ ရရှိမည်ဖြစ်သည်။ ယူနိုက်တက် က အနာဂတ်တွင် ဒီဂီယာအပါအဝင် ကစားသမားများစွာကို မြင့်မားသောလစာငွေပေးရသည့် ပုံစံမျိုးကို ရှောင်ရှားလိုသည်။

တစ်ဖက်မှာလည်းမန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ပေးဂိုးမဲ့ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ဝါရင့်ဂိုးသမားကြီး ဒဟေးယား နေရာကို အစားထိုးရန်အတွက် ဈေးကွက်အတွင်းရှာဖွေနေပြီး လက်တလောမှာတော့ ပေါ်တိုရဲ့ပေါ်တူဂီလက်ရွေးစင်ထိပ်သီးဂိုးသမား ဒီယေဂိုကော်စတာ ကို စိတ်ဝင်စားလျက်ရှိပါတယ်။

ယူနိုက်တက် ကင်းထောက်တွေဟာ ပေါ်တိုအသင်းရဲ့ ပွဲစဉ်တိုင်းကို ယခုရာသီမှာစောင့်ကြည့်လျက်ရှိပြီး ကော်စတာ ရဲ့ အေးဂျင့် နဲ့လည်း ဆက်သွယ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ပေါ်တူဂီကလာတဲ့သတင်းတွေအရယူနိုက်တဒ်ဟာ အနာ ဂတ်ရဲ့ထိပ်သီးဂိုးသမားစာရင်းမှာ ပါဝင်လာနိုင်တဲ့ ကော်စတာကိုခေါ်ယူရန်ခြေတစ်လှမ်းအသာရနေပြီး ကင်းထောက်စောင့်ကြည်မှုတွေပိုမိုတိုးမြှင့်လုပ်ဆောင်နေပြီလို့တောင် ဖော်ပြနေကြပါတယ်။

RUMOUR : ယူနိုက်တက်သည် နာပိုလီ-လာဇီယိုပွဲသို့ကင်းထောက်များစေလွှတ်ခဲ့ပြီးတောင်ကိုရီးယားလက်ရွေ းစင် ဗဟိုနောက်ခံလူ Kim Min-Jae အားစောင့်ကြည့်စေခဲ့ကြောင်းသိရသည် ။

နာပိုလီကမူ ၄င်းအားသက်တမ်းတိုးခြင်း သို့မဟုတ် ယူရို ၄၅ သန်းတန်စာချုပ်ဖျက်သိမ်းကြေးအား ပြင်ဆင်ခြင်းများလုပ်ဆောင်လိုလျက်ရှိသည် ။
-Fabrizio Romano