Manu sports

အတူပွဲထွက်လာတိုင်း အနိုင်ရလဒ်အမြဲရရှိနေတာကြောင့် အသင်းတိုင်းလိုလိုကြောက်နေရတဲ့ ယူနိုက်တက်ကြယ်ပွင့် ၃ ယောက်

အတူပွဲထွက်လာတိုင်း အနိုင်ရလဒ်အမြဲရရှိနေတာကြောင့် အသင်းတိုင်းလိုလိုကြောက်နေရတဲ့ ယူနိုက်တက်ကြယ်ပွင့် ၃ ယောက်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လက်ရှိအချိန်မှာတော့ ရလဒ်ကောင်းတွေကို တောက် လျှောက် ပိုင်ဆိုင်ထားတာပါ။

နည်းပြကြီး အဲရစ်တန်ဟန့် လက်ထက်မှာ အသင်းလိုက်စုဖွဲ့မှု ပိုမို အားကောင်းလာတာကိုလည်း လက်တွေ့ မြင်တွေ့နေရပါတယ်။

အထူးသဖြင့် ကစားသမားတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ညှစ်ထုတ်ပြသလာနိုင်တာကို တွေ့ရပါတယ်။

လက်ရှိဘောလုံးရာသီအတွင်းမှာလည်း အသစ်ခါ်ယူထားတဲ့ ကစားသမားသစ်တွေကလည်း နေရာစုံကနေ အထူးအကျိူးပြုလျက် ရှိနေပါတယ်။

ထူးခြားချက်တစ်ခုအနေနဲ့ယူနိုက်တက်အသင်းမှာ ကစားသ မား သုံးယောက် အတူတွဲပြီး ပွဲထွက်လာတဲ့ ပွဲစဥ်တိုင်းမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းတစ်ခု ရှိနေတာပါ။ ၎င်းကစားသမား ၃ ယောက်ကတော့ ကွင်းလယ်လူ ကစ္စမဲရိုး ၊နောက်ခံလူ မာတီနက််စ် နဲ့ ဗာရန်း တို့ဖြစ်ကြပါတယ်။

ကစ္စမဲရိုး ၊မာတီနက်စ် ၊ ဗာရန်း တို့ ၃ ယောက် အတူတွဲ ပွဲထွက်လာတဲ့ ပွဲတိုင်းမှာ ရှုံးပွဲ မရှိသေးတာပါ။ ဒါ့အပြင် ၎င်းတို့(၃)ဦး အတူကစားတဲ့ သာမန်ပွဲကစားချိန် အတွင်းမှာ ပေးဂိုးခွင့်ပြုထားခြင်းလည်း မရှိခဲ့ပါဘူး။

ယူနိုက်တက်အနေနဲ့ ၎င်းတို့ကစားသမား(၃) ယောက်ကို ပိုင်ဆိုင်ထားခြင်းဟာအမှန်တကယ်တန်ဖိုးရှိတဲ့အနေအထား ဖြစ်ပါတယ်။အထူးသဖြင့် နည်းပြကြီး အဲရစ်တန်ဟန့်ရဲ့ လက်ထက်မှာတော့ ကစားသမား တစ်ယောက်ချင်းစီတိုင်းရဲ့ စွမ်ဆောင်ရည်တွေ အထူးကောင်းမွန်ခဲ့တာပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာရုန်းကန်နေခဲ့ရတဲ့ ကစားသ မားတွေတောင်နည်းပြသစ်လက်ထက်မှာ အထူး တိုးတက်လာခဲ့ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ယူနိုက်တက်အသင်းအတွက်တော့ နည်းပြကြီး အဲရစ်တန်ဟန့်ကို ရရှိလိုက်တာဟာ အမှန်ကန်ဆုံး ခေါ်ယူမှုတစ်ခုပဲ ဖြစ်ပါတယ်။
crd