ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ကက်စမဲရိုး ကို ထောက်ခံခဲ့တဲ့ တန်ဟက်ဂ် မှန်တယ်လို့ပြောရမှာပဲ
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်က ပြီးခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းနဲ့ ကာရာဘောင်းဖလားဖိုင်နယ်ပွဲအပြီးမှာ ပွဲချိန်အတွင်း လူမပေးခဲ့တဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ကို ကတ်စ်မဲရိုးက သွားရောက်ပြောဆိုနေခဲ့တာနဲ့ ပတ်သက်ပြီး အခုချိန်မှာ မှတ်ချက်ပေးစကားဆိုလာပါတယ်။
ကတ်စ်မဲရိုးဟာ မန်ယူအသင်းကို ပြောင်းရွှေ့လာပြီးတည်းက ယူနိုက်တက်ကွင်းလယ်ကို အဆင့်အတန်းနဲ့ တည်ငြိမ်မှုတို့ကိုယူလာခဲ့ရုံမက၊ မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်ဖို့အတွက် စိတ်အားထက်သန်မှုကိုပါ ယူလာခဲ့ပါတယ်။
ထို့အတွက်ကြောင့် ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ၂-၀ နဲ့ အနိုင်ရနေချိန် ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ဂျေဒန် ဆန်ချိုကို ဘောလုံးမပေးပို့ခဲ့ပဲ၊ ကိုယ်တိုင် ကန်သွင်းခဲ့တဲ့အပေါ် ကတ်စ်မဲရိုးက ထောက်ပြခဲ့ပါတယ်။
အဆိုပါအခြေအနေအပေါ် တန်ဟန့်က ” ကျွန်တော်တို့တွေ ဖလားတစ်လုံးရခဲ့ကြတယ်၊ ကျွန်တော်တို့တွေ ပျော်ရွှင်ခဲ့ကြတယ်။ဒါပေမယ့် ကစားသမားတွေအနေနဲ့ ကောင်းတယ်ဆိုတာက မလုံလောက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ချဥ်းကပ်ရပါမယ်။
အဲ့ဒါက ၂-၀ ဖြစ်ခဲ့ပေမယ့်၊ ကျွန်တော်တို့သာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့မယ်ဆိုရင် ရလဒ်က ၃-၀ ဖြစ်သွားနိုင်တယ်။
ကစားသမားတွေက တစ်ဦးနဲ့တစ်ဦး သူတို့ရဲ့ တာဝန်ယူမှုတွေအကြောင်းပြောပြီးတော့၊ မြင့်မားတဲ့ စံချိန်စံညွှန်းတွေနဲ့ တစ်ဦးဆီကနေ တစ်ဦး မြင့်မားတဲ့ တောင်းဆိုမှုတွေ ”” လုပ်တာက ကောင်းတယ်လို့ ထင်ပါတယ်။
တစ်ခါတစ်လေမှာကိုယ့်အမှားကိုပြင်ပေးမယ့်သူ၊ ဆွေးနွေးပေးတဲ့သူကို လိုပါတယ်၊ အဲ့ဒါမှသာ ကစားသမားတစ်ဦးကသူ့ရဲ့တာဝန်ယူမှုကိုသိမာပါ။
ဒီအသင်းမှာ ကတ်စ်မဲရိုးက ခေါင်းဆောင်တစ်ဦးလိုပါပဲ၊ သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါ ပါတယ်။ သူ့ကို ခေါ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
crd