ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေတဲ့ လေဗာကူဆင်ကြယ်ပွင့် ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ လေဗာကူဆင်ကြယ်ပွင့် ဂျယ်ရမီး ဖရင်းပွန်ကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာနေပြီလို့ ဂျာနယ်လစ် ခရစ်ရှန် ဖော့ခ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖရင်းပွန်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဥရောပမှာ အကောင်းဆုံး တိုက်စစ်အားသန်တဲ့ နောက်ခံတောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာခဲသူ ဖြစ်ပါတယ်။
ဆဲလ်တစ်ကနေ ၂၀၂၁ ခုနှစ်မှာ ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာပြီးကတည်းက မန်စီးတီးအကယ်ဒမီထွက်ဟာ လေဗာကူဆင်အသင်းအတွက် ပုံမှန် ပွဲထွက်ခွင့်ရကစားသမားအဖြစ် သက်သေပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။
ညာသန်နောက်ခံကစားသမားဟာ မြန်နှုန်း၊ ဖြတ်တင်ပေးပို့နိုင်စွမ်း ကောင်းမွန်ပြီး ဒတ်ချ်ကြယ်ပွင့်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နယ်သာလန် လက်ရွေးစင်လူစာရင်းမှာ ခေါ်ယူခြင်းခံခဲ့ရပြီးနောက် ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ပစ်မှတ်စာရင်းထဲမှာ ရှိလာခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အပြင် ဖရင်းပွန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့တောင် သတင်းတွေ ထွက်ပေါ်ခဲ့သေးတယ်လို့ Fichajes ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Caught Offside အတွက် ရေးသားခဲ့တဲ့ ကော်လံထဲမှာ ခရစ်ရှန် ဖော့ခ်က မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဖရင်းပွန်ရဲ့ အနာဂတ်ကို အတည်ပြု ပြောကြားလိုက်တာ ဖြစ်ပါတယ်။ “ဂျယ်ရမီး ဖရင်းပွန်က မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ပြီး နီးသည်ထက် နီးစပ်လာနေပါတယ်။
ဖရင်းပွန်ကဆောင်းရာသီတုန်းကလည်းပြောစရာအကြောင်း အရာဖြစ်ခဲ့ပြီး ယူနိုက်တက်က အဲဒီကတည်းက သူ့ကို တကယ်လိုချင်နေခဲ့ပါတယ်။” “ခင်ဗျား သိတဲ့အတိုင်းပဲ သူက ဒတ်ချ်ကစားသမားဖြစ်ပြီး သူနဲ့ အဲရစ် တန်ဟက်နဲ့ ဆက်နွယ်မှုက အရမ်းကို နီးစပ်ပါတယ်။ ပြောဆိုဆွေးနွေးမှုတွေလည်း ရှိခဲ့မှာပါ။
တန်ဟက်ကအခုဆိုရင် သူ့အသင်းနဲ့ ကောင်းကောင်း စွမ်းဆောင်ပြနေပြီး ဖရင်းပွန်အတွက်နဲ့ ယူနိုက်တက်အတွက် သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ငြင်းခုံမှုတွေ ရှိနိုင်ပါတယ်။
သူကနွေရာသီအတွက်တန်ဟက်ရဲ့ အဓိကအပြောင်းအရွှေ့ပစ်မှတ်တွေထဲက တစ်ဦးဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်လို့ရေးသားခဲ့တာဖြစ်ပါတယ်။Football Insider ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ကင်းထောက်တွေကဟာ လက်ရှိမှာ ဖရင်းပွန်ကို ပေါင် ၃၅ သန်းနဲ့ မခေါ်ယူမီ ညာနောက်ခံကစားသမားကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
crd