ပရိသတ်တွေကိုအရှက်ခွဲခဲ့တဲ့ မင်းတို့ (11 )ယောက် လုံး မကြာခင်ငါနဲ့ရှင်းရမယ်လို့ တန်ဟက်ဂ် ပြောကြား
ယူနိုက်တက်အသင်းသည်အမှတ်ပေးပြိုင်ပွဲကို(7-0)ရလဒ် ဖြင့်ရှုံးနိမ့်ခဲ့မှုမှာ(1931)ခုနှစ်ဒီဇင်ဘာလတွင် ဝုဗ် အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ခဲသည်။
တန်ဟက်ဂ်က”ရှုံးတာကိုကျွန်တော်လက်ခံပေးနိုင်ပါတယ်။ဒီလိုရှုံးတာကြီးကတော့ အဓိပ်ပါယျမရှိပါဘူး။ကစားသမားတစ်ယောက်တည်းရဲ့အပစ်မဟုပ်မှာပါဘူး(၁၁)ယောက်လုံးမှာအပြစ်ရှိပါတယ်။
ပရိတ်သတ်တွေ ကျွန်တော်တို့ကြောင့် အရှက်ရခဲ့ပါတယ်။ဒီအချက်ကို ကျွန်တော်စိတ်အပျက်ဆုံးပါပဲ။ပြီးတော့ ဒီကိစ္စကိုကျွန်တော်ကစားသမားတွေအကုန်လုံးနဲ့ ရှင်းပါမယ်။
ဒုတိယပိုင်းက ပရော်ဖက်ရှင်နယ်မဆန်ခဲ့ဘူးပဲပြောရ မယ်။ ဒါမျိုးက ဖြစ်လာလို့မရနိုင်ဘူးလေး။ ဒါနဲ့ ဒီကိစ္စ ကြောင်းကို ကျွန်တော်တို့ပြောသွားပါမယ်။ ဒီရလဒ်က တစ်သင်းလုံးကို အကျိုးသက်ရောက်စေပါတယ်။
ပြောရရင် ကစားသမား (11)ဦးလုံး သူတို့ရဲ့စိတ်ဓာတ်တွေ ဆုံးရှုံးနေတာကို ကျွန်တော် မြင်ခဲ့ရတယ်။ ဒီပုံစံက မန်ချက်စတာယူနိုက်တက်မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာမြင့်မားတဲ့ အဆင့်အတန်းရှိရပါမယ်။ ”
လုခ်ရှော့ကလည်း”ဒီလိုပွဲမျိုးကိုပြန်ကြည့်ဖို့ဆိုတာခက်ခဲတဲ့အလုပ်ပါ။ဒါပေမယ့် နည်းပြက ကျွန်တော်တို့ကို ပွဲအစအဆုံးပြန်ကြည့်ခိုင်းပါလိမ့်မယ်။
ပြီးရင်ပရိတ်သတ်တွေကျွန်တော်တို့ကြောင့်ဘယ်လိူအရှက် ရခဲ့ရလဲဆိုတာကိုတစ်ခုချင်းစီပြန်ထောက်ပြပါတော့မယ်” လို့အဆူခံရဖို့မတိုင်ခင်ကြိုပြောခဲ့တယ်။